The Bible Software
bible.software › တောလည်ရာကျမ်း › တောလည်ရာကျမ်း 11 › တောလည်ရာကျမ်း 11:23

တောလည်ရာကျမ်း 11:23

ထာ​ဝ​ရ​ဘု​ရား​က``ငါ​မ​တတ်​နိုင်​သည့်​အ​ရာ ရှိ​သ​လော။ ငါ​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဖြစ် မည်​မ​ဖြစ်​မည်​ကို​သင်​မ​ကြာ​မီ​တွေ့​မြင်​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

And the LORD said unto Moses, Is the LORD’S hand waxed short? thou shalt see now whether my word shall come to pass unto thee or not.

In Context

22သူ​တို့​ဝ​လင်​စွာ​စား​နိုင်​ရန်​သိုး​နွား​ဆိတ် အ​လုံ​အ​လောက်​ရ​နိုင်​ပါ​မည်​လော။ သူ​တို့ အ​တွက်​ပင်​လယ်​မှ​ငါး​အ​လုံ​အ​လောက် ရ​နိုင်​ပါ​မည်​လော'' ဟု​လျှောက်​ထား​လေ​၏။

24မော​ရှေ​သည်​တဲ​တော်​တွင်း​မှ​ထွက်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လူ အ​ပေါင်း​တို့​အား​ပြန်​ကြား​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​ကို​ခေါ်​၍ တဲ​တော်​ပတ်​လည်​တွင်​ရပ်​နေ စေ​၏။-

Read all of တောလည်ရာကျမ်း 11

Cross References

Exodus 6:1ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဖာ ရော​ဘု​ရင်​အား​ငါ​မည်​သို့​ပြု​မည်​ကို​သင်​မြင် ရ​လိမ့်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး​တော် အား​ဖြင့် သူ​သည်​ထို​သူ​တို့​ကို​သွား​ခွင့်​ပေး​စေ ရန်​ငါ​စီ​ရင်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး တော်​အား​ဖြင့် သူ​သည်​မိ​မိ​၏​တိုင်း​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​ရ​သည်​အ​ထိ​ငါ​စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။

2 Kings 4:43သို့​ရာ​တွင်​အ​စေ​ခံ​က``လူ​တစ်​ရာ​ကို​ဤ​မျှ​လောက် နှင့်​ကျွေး​နိုင်​ပါ​မည်​လော'' ဟု​ဆို​၏။ ဧ​လိ​ရှဲ​က``ထို အ​စား​အ​စာ​ကို ဤ​သူ​တို့​ကို​ကျွေး​လော့။ ထာ​ဝရ ဘု​ရား​က`သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​သည့်​အ​ပြင် စား​စ​ရာ​အ​ချို့​ပင်​ကျန်​ကြွင်း​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​ပြန်​ပြော​လေ​သည်။-

2 Kings 7:17မင်း​ကြီး​၏​သက်​တော်​စောင့်​အ​ဖြစ်​ဆောင်​ရွက် ခဲ့​သူ​တပ်​မှူး​သည် ထို​အ​ချိန်​၌​မြို့​တံ​ခါး အ​စောင့်​တပ်​ကို​ကြီး​ကြပ်​အုပ်​ချုပ်​နေ​ရ​စဉ် လူ​တို့​တိုး​ကြိတ်​ထွက်​ဝင်​ရာ​တွင် သူ့​အား​နင်း မိ​ကြ​သ​ဖြင့်​သေ​လေ​၏။ ဧ​လိ​ရှဲ​အား​တွေ့​ဆုံ ရန်​မင်း​ကြီး​လာ​ရောက်​စဉ်​အ​ခါ​က ဧ​လိ​ရှဲ ကြို​တင်​ဟော​ကြား​ခဲ့​သည်​အ​တိုင်း​ဖြစ်​ပျက် လေ​သည်။-

Isaiah 50:2``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။

Jeremiah 32:17``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော် ရှင်​သည်​မ​ဟာ​တန်​ခိုး​အာ​နု​ဘော်​တော်​အား ဖြင့်​ကမ္ဘာ​မိုး​မြေ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​မ​တတ်​နိုင်​လောက်​အောင်​ခက်​ခဲ သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။-

Jeremiah 44:28သို့​ရာ​တွင်​သင်​တို့​အ​ချို့​သည်​အသက်​ဘေး မှ​လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​မှ​ယု​ဒ​ပြည် သို့​ပြန်​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည် သို့​လာ​ရောက်​ကြ​သော​ယု​ဒ​ပြည်​သူ​အ​ကြွင်း အ​ကျန်​များ​သည် မိ​မိ​တို့​စ​ကား​နှင့်​ငါ့ စ​ကား၊ မည်​သည်​က​မှန်​၍​နေ​သည်​ကို​သိ ရှိ​ကြ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တောလည်ရာကျမ်း 11:23

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တောလည်ရာကျမ်း 11:22တောလည်ရာကျမ်း 11တောလည်ရာကျမ်း 11:24 →