တောလည်ရာကျမ်း 11:25
ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 34:5ထာဝရဘုရားသည်မိုးတိမ်တိုက်ဖြင့်ကြွ ဆင်းလာ၍၊ မောရှေအနီးတွင်ရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်မြွက်ကြားတော်မူ၏။-
Numbers 11:17ငါသည်ကြွလာ၍သင်နှင့်စကားပြောဆိုမည်။ ငါသည်သင့်အားပေးအပ်ထားသောစွမ်းရည် အချို့ကိုယူ၍ သူတို့အားပေးအပ်မည်။ ထို အခါဤသူများအတွက်ထမ်းရသောတာဝန် ကိုသူတို့သည်သင့်အားကူညီထမ်းရွက်နိုင် သဖြင့် ထိုတာဝန်ကိုသင်တစ်ဦးတည်းထမ်း ရန်မလိုတော့ချေ။-
Numbers 16:25ထိုအခါမောရှေသည် ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူဒါသန်နှင့် အဘိရံတို့ထံသို့သွားလေသည်။-
1 Samuel 10:5ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
1 Samuel 19:20သူ့ကိုဖမ်းဆီးရန်လူအချို့တို့ကိုစေလွှတ် တော်မူလိုက်၏။ သူတို့သည်ရှမွေလခေါင်း ဆောင်ကာ ကခုန်အော်ဟစ်နေကြသော ပရောဖက်တစ်စုကိုမြင်ကြ၏။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု ၏လူတို့အပေါ်သို့သက်ရောက်သဖြင့် သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။-
Nehemiah 9:20ကိုယ်တော်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့ပြုကျင့်သင့်သောအမှုအရာများကို သွန်သင်ပေးတော်မူပါ၏။ သူတို့အားမန္နမုန့်ကိုကျွေး၍သူတို့သောက်ရန် ရေကိုပေးတော်မူပါ၏။