တောလည်ရာကျမ်း 12:2
သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 29:33လေအာသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍သားတစ် ယောက်ကိုဖွားမြင်ပြန်သောအခါသူက``ငါ ၏လင်ယောကျာ်းသည်ငါ့အားမချစ်ကြောင်း ကိုထာဝရဘုရားကြားသိတော်မူသဖြင့် ဤသားကိုလည်းပေးသနားတော်မူပြီ'' ဟု ဆို၍ထိုသားကိုရှိမောင်ဟုနာမည်မှည့်လေ၏။-
Exodus 4:30အာရုန်သည်ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလအမျိုး သားတို့အားပြော၍သူတို့ရှေ့တွင်အံ့သြ ဖွယ်သောနိမိတ်လက္ခဏာတို့ကိုပြသဖြင့်၊-
Exodus 7:10မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဘုရင်ထံသို့ဝင်ကြ ၏။ ထိုနောက်အာရုန်သည်သူ၏တောင်ဝှေးကို ဘုရင်နှင့်မှူးမတ်များရှေ့တွင်ပစ်ချလိုက် ရာတောင်ဝှေးသည်မြွေဖြစ်လေ၏။-
Numbers 11:1လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-
Numbers 16:3ထိုသူအပေါင်းတို့သည်မောရှေနှင့်အာရုန် တို့ရှေ့တွင်စုရုံးရောက်ရှိလာ၍``သင်တို့၏ အပြုအမူမှာလွန်ကဲလေပြီ။ ဣသရေလ အမျိုးသားအပေါင်းကိုထာဝရဘုရား ရွေးကောက်တော်မူ၍ ထာဝရဘုရားသည် တစ်မျိုးသားလုံးနှင့်အတူရှိတော်မူ၏။ သို့ ဖြစ်၍မောရှေသည်အဘယ်ကြောင့်ထာဝရ ဘုရား၏ပရိသတ်အပေါ်မှာမိမိကိုယ် ကိုချီးမြှောက်ရပါသနည်း'' ဟုဆိုကြ၏။
2 Kings 19:4အာရှုရိဧကရာဇ်ဘုရင်သည်မိမိ၏ဗိုလ်ချုပ် ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားကိုပြောဆို စေပါ၏။ သင်၏ဘုရားသခင်ထာဝရဘုရား သည်ထိုစကားကိုကြားတော်မူ၍ယင်းသို့ ပြောဆိုသူတို့အားအပြစ်ဒဏ်စီရင်တော် မူပါစေသော။ သို့ဖြစ်၍အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အတွက်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ လော့'' ဟုဟေရှာယထံလျှောက်ထားစေ၏။