တောလည်ရာကျမ်း 13:21
သို့ဖြစ်၍သူတို့သည်မြောက်ဘက်သို့သွားပြီး လျှင် ထိုပြည်တောင်ဘက်ဇိနခေါ်တောကန္တာရ မှမြောက်ဘက်ဟာမတ်တောင်ကြားအနီးရှိ ရဟောဘမြို့သို့တိုင်အောင်ပြည်ကိုစုံစမ်း ထောက်လှမ်းကြသည်။-
Common Language Bible
In The King James Version
So they went up, and searched the land from the wilderness of Zin unto Rehob, as men come to Hamath.
In Context
Cross References
Numbers 27:14အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။)
Numbers 34:3တောင်ဘက်နယ်နိမိတ်သည်ဇိနတောကန္တာရ မှ ဧဒုံပြည်နယ်စပ်တစ်လျှောက်ဖြစ်၏။ ထို နယ်နိမိတ်သည် ပင်လယ်သေတောင်ဘက်စွန်း အရှေ့ဘက်မှအစပြုရမည်။-
Deuteronomy 32:51အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရရှိကာဒေရှမြို့အနီး မေရိဘစမ်းသို့ရောက်စဉ်အခါက ဣသ ရေလအမျိုးသားတို့ရှေ့တွင် ငါ့အားမရို မသေပြုကြသောကြောင့်ဖြစ်၏။-
Joshua 15:1ယုဒအနွယ်ဝင်မိသားစုတို့ရရှိသော နယ်မြေမှာအောက်ပါအတိုင်းဖြစ်သည်။ ယုဒအနွယ်ဝင်တို့၏နယ်မြေသည်တောင် ဘက်သို့လားသော် ဧဒုံပြည်နယ်စပ်ရှိဇိန တောကန္တာရ၏တောင်ဘက်စွန်းသို့ရောက် သည်။-
2 Samuel 8:9ဟာဒဒေဇာ၏တပ်မတော်တစ်ခုလုံးကို ဒါဝိဒ်ချေမှုန်းလိုက်ကြောင်း ဟာမတ်ဘုရင် တောဣမင်းကြားလျှင်၊-