တောလည်ရာကျမ်း 14:6
ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့သူများ အနက် နှစ်ဦးဖြစ်ကြသောနုန်၏သားယောရှု နှင့်ယေဖုန္နာ၏သားကာလက်တို့သည် ဝမ်းနည်း သည့်အနေဖြင့်မိမိတို့၏အဝတ်အင်္ကျီများ ကိုဆုတ်ဖြဲလျက်၊-
Common Language Bible
In The King James Version
In Context
7``ငါတို့စုံစမ်းထောက်လှမ်းခဲ့သောပြည် သည်အလွန်နေထိုင်ဖွယ်ကောင်းသောပြည် ဖြစ်သည်။-
Cross References
Genesis 37:34ယာကုပ်သည်ဝမ်းနည်းကြေကွဲသဖြင့် မိမိ၏ အဝတ်အင်္ကျီကိုဆုတ်ဖြဲ၍လျှော်တေအဝတ်ကို ဝတ်လေ၏။ သူသည်သားအတွက်ကာလအတန် ကြာမျှပူဆွေးတမ်းတလျက်နေလေ၏။-
Numbers 13:30သို့ရာတွင်ကာလက်သည်မောရှေ၏ရှေ့တွင် ညည်းညူသူတို့အား``ငါတို့သည်ယခုပင်ထို ပြည်သို့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကြပါ စို့။ ငါတို့သည်ထိုပြည်ကိုတိုက်ခိုက်အောင် မြင်နိုင်စွမ်းရှိပါသည်'' ဟုဆို၍လူတို့ကို ငြိမ်ဝပ်သွားစေ၏။
Numbers 14:30သင်တို့ကိုနေထိုင်စေမည်ဟုကတိထား သောပြည်သို့ ကာလက်နှင့်ယောရှုမှတစ်ပါး မည်သူမျှမဝင်ရ။-
Joshua 7:6ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။-
2 Samuel 3:31ထိုနောက်ဒါဝိဒ်သည်ယွာဘနှင့်အပေါင်းပါ တို့အား အဝတ်များကိုဆုတ်ဖြဲ၍လျှော်တေ ကိုဝတ်ပြီးလျှင် အာဗနာအတွက်ငိုကြွေး မြည်တမ်းမှုပြုကြရန်အမိန့်ပေးတော်မူ၏။ ထိုနောက်အလောင်းကိုသင်္ချိုင်းသို့ပို့ဆောင်သွား သောအခါ၌လည်း မင်းကြီးကိုယ်တိုင်တလား ၏နောက်မှလမ်းလျှောက်၍လိုက်ပါပို့ဆောင် တော်မူ၏။-