တောလည်ရာကျမ်း 18:8
ထာဝရဘုရားသည်အာရုန်အား``မီးရှို့ရာ ယဇ်မဟုတ်သောအထူးပူဇော်သကာဟူ သမျှတို့ကို သင်နှင့်သင်၏သားတို့အား ငါပေးသည်။ ဤဝေစုကိုသင်နှင့်သင်၏ သားအစဉ်အဆက်တို့အားငါပေး၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 29:21ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်းငယ်နှင့် ဘိသိက်ဆီအနည်းငယ်ကိုယူ၍၊ အာရုန်နှင့် သူ၏အဝတ်အင်္ကျီတို့အပေါ်၌လည်းကောင်း၊ သူ၏သားများနှင့်သူတို့၏အဝတ်အင်္ကျီတို့ အပေါ်၌လည်းကောင်းဖျန်းရမည်။ ဤနည်း အားဖြင့်အာရုန်နှင့်သူ၏အဝတ်အင်္ကျီတို့ ကိုလည်းကောင်း၊ သူ၏သားများနှင့်သူတို့ ၏အဝတ်အင်္ကျီများကိုလည်းကောင်းငါ့ အားဆက်ကပ်ရမည်။
Exodus 29:29``အာရုန်အနိစ္စရောက်သောအခါ၊ သူ၏သား တို့သည် ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ဝတ်ဆင်နိုင်စေရန်၊ သူ၏ယဇ်ပုရောဟိတ် ဝတ်စုံကိုဆက်ခံစေရမည်။-
Exodus 40:15ထိုနောက်သူတို့အားယဇ်ပုရောဟိတ်အမှု ကိုဆောင်ရွက်စေရန် သူတို့၏အဖအားဘိ သိက်ပေးသကဲ့သို့၊ သူတို့အားဘိသိက်ဆီ လောင်း၍ဆက်ကပ်လော့။ သူတို့အားဤကဲ့ သို့ဘိသိက်ဆီလောင်းခြင်းအားဖြင့်၊ သူတို့ ၏သားစဉ်မြေးဆက်တို့သည် ယဇ်ပုရော ဟိတ်အရာကိုအမြဲဆက်ခံရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Leviticus 6:18အာရုန်၏အဆက်အနွယ်ယောကျာ်းတို့သည် ထာဝရဘုရားအား ပူဇော်သောဘောဇဉ် သကာမှဝေစုကိုထာဝစဉ်စားသုံးစေရ မည်။ အခြားသူတစ်စုံတစ်ယောက်က ထို ဘောဇဉ်သကာကိုထိကိုင်မိလျှင် ထိုဘောဇဉ် ၏သန့်ရှင်းမြင့်မြတ်မှုကြောင့်ဘေးသင့်လိမ့် မည်။
Leviticus 6:26ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။-
Leviticus 7:14မုန့်တစ်မျိုးစီမှတစ်ခုကျကို ထာဝရဘုရား အားအထူးလှူဖွယ်အဖြစ်ဆက်ကပ်ရမည်။ ထိုဆက်ကပ်သောမုန့်များသည်ယဇ်ကောင်၏ သွေးကို ယဇ်ပလ္လင်ဘေးသို့ပက်ဖျန်းသောယဇ် ပုရောဟိတ်စားသုံးရန်အတွက်ဖြစ်သည်။-