တောလည်ရာကျမ်း 23:4
ဘုရားသခင်သည်သူနှင့်တွေ့ဆုံရန်ကြွ လာတော်မူ၏။ ထိုအခါဗာလမ်ကထာဝရ ဘုရားအား``အကျွန်ုပ်သည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍တစ်ခုစီပေါ်တွင် နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်ပါပြီ'' ဟု လျှောက်ထားလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 22:9ဘုရားသခင်သည်ဗာလမ်ထံသို့ကြွလာ ၍``သင်နှင့်အတူတည်းခိုနေသူများသည် မည်သူတို့နည်း'' ဟုမေးတော်မူ၏။
Numbers 23:1ဗာလမ်က``ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့'' ဟု ဗာလက်အားစေခိုင်းလေသည်။
Isaiah 58:3သူတို့က``အကယ်၍ထာဝရဘုရားသည် ငါတို့ကိုအဘယ်အခါ၌မျှမြင်တော်မ မူလျှင် ငါတို့အဘယ်ကြောင့်အစာရှောင် ကြပါတော့မည်နည်း။ ကိုယ်တော်သည်ငါတို့ နှိမ့်ချသည်ကိုမြင်တော်မမူလျှင် အဘယ် ကြောင့်ငါတို့ဒုက္ခခံကြပါမည်နည်း'' ဟု ဆိုကြ၏။ ထာဝရဘုရားကသူတို့အား``အဖြစ်မှန် မှာသင်တို့သည်အစာရှောင်လျက်နေစဉ်၌ ပင်ကိုယ်ကျိုးရှာလျက် မိမိတို့ငယ်သား များကိုလည်းနှိပ်စက်ညှင်းဆဲကြ၏။-
Luke 18:12အကျွန်ုပ်သည်ရက်သတ္တတစ်ပတ်လျှင်နှစ်ကြိမ် တိုင်တိုင်အစာရှောင်ပါ၏။ ရရှိသမျှဥစ္စာပစ္စည်း ၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏' ဟုဆုတောင်း ပတ္ထနာပြု၏။-
Romans 3:27သို့ဖြစ်၍ငါတို့ဝါကြွားစရာအကြောင်း အဘယ်မှာရှိတော့အံ့နည်း။ ငါတို့ဝါကြွား စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်း။ ပညတ်တရားကိုငါတို့လိုက်နာကျင့်သုံး ကြသည့်အတွက်ကြောင့်လော။ မဟုတ်ပါ။ ယုံကြည်သည့်အတွက်ကြောင့်ဖြစ်၏။-