တောလည်ရာကျမ်း 23:3
ထိုနောက်ဗာလမ်ကဗာလက်အား``သင်သည် မီးရှို့ရာယဇ်နားတွင်ရပ်နေလော့။ ထာဝရ ဘုရားသည်ငါနှင့်တွေ့ဆုံရန်ကြွလာမည်၊ မကြွလာမည်ကိုသွား၍ကြည့်မည်။ ထာဝရ ဘုရားကငါ့အား ဗျာဒိတ်ပေးတော်မူသမျှ ကိုသင့်အားငါပြောပြမည်'' ဟုဆိုလေ၏။ ထိုကြောင့်သူသည်တစ်ယောက်တည်းတောင် ကုန်းတစ်ခုပေါ်သို့တက်သွားသောအခါ၊-
Common Language Bible
In The King James Version
In Context
Cross References
Genesis 22:2ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။
Genesis 22:13ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။-
Leviticus 1:1ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
Numbers 22:31ထိုနောက်ထာဝရဘုရားသည်ဗာလမ်အား ဋ္ဌားကိုင်၍ ရပ်နေသောကောင်းကင်တမန်ကို မြင်စေတော်မူသဖြင့် သူသည်မြေပေါ်တွင် ပျပ်ဝပ်၍နေလေ၏။-
Numbers 23:15ဗာလမ်ကဗာလက်ဘုရင်အား``သင်သည်မီးရှို့ ရာယဇ်နားတွင်ရပ်နေလော့။ ငါသည်သွား၍ ဘုရားသခင်နှင့်တွေ့ဆုံမည်'' ဟုဆို၏။
Numbers 24:1ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ကို ကောင်းချီးပေးစေလိုကြောင်းသိမြင်သော အခါ ဗာလမ်သည်ယခင်ကကဲ့သို့ထာဝရ ဘုရားထံမှ ဗျာဒိတ်ရူပါရုံခံယူရန်မကြိုး စားတော့ချေ။ သူသည်တောကန္တာရဘက်သို့ လှည့်ကြည့်ရာ၊-