Psalms 18:43
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ပုန်ကန်သူတို့၏ဘေးမှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်မိမိမသိဘူးသောလူ များကို ယခုအခါ၌အုပ်စိုးခွင့်ရပါ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 3:1ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့် ဒါဝိဒ် ကိုထောက်ခံသူများသည် ကာလကြာမြင့်စွာ ဆက်လက်၍စစ်ဖြစ်ပွားလျက်နေ၏။ ဒါဝိဒ်သည် တဖြည်းဖြည်းအင်အားတိုးတက်လာ၍သူ၏ ရန်သူတို့မူကားအင်အားဆုတ်ယုတ်လာလေ သည်။
2 Samuel 8:1ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ် သည်ဖိလိတ္တိအမျိုးသားတို့အားနှိမ်နင်း ကာ သူတို့၏စိုးမိုးမှုကိုနိဂုံးချုပ်စေ တော်မူ၏။
2 Samuel 19:9တစ်ပြည်လုံးတွင်လူတို့က``ဒါဝိဒ်မင်းသည် ငါတို့ကိုရန်သူများလက်မှကယ်တော်မူ၏။ သူသည်ငါတို့အားဖိလိတ္တိအမျိုးသားတို့ လက်မှကယ်ဆယ်ခဲ့၏။ သို့ရာတွင်ယခု အခါအဗရှလုံအတွက်ကြောင့်တိုင်း ပြည်ကိုစွန့်ခွာသွားလေပြီ။-
Psalms 22:27လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
Isaiah 49:6ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
Isaiah 52:15သို့ရာတွင်ယခုအခါသူသည်လူမျိုးတကာ တို့ကို သန့်ရှင်းစေလိမ့်မည်။ ရှင်ဘုရင်များသည်လည်းမိန်းမောတွေဝေ၍ နေကြလိမ့်မည်။ သူတို့သည်မိမိတို့အဘယ်အခါကမျှ မသိမမြင်ဘူးသောအရာ မကြားဘူးသောအရာတို့ကိုတွေ့မြင်သိရှိ နားလည်လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။