တောလည်ရာကျမ်း 25:11
``ဖိနဟတ်ပြုသောအမှုကြောင့်ငါ၏အမျက် ပြေပြီ။ သူသည်ငါမှတစ်ပါးအခြားသော ဘုရားအား ကိုးကွယ်မှုကိုသည်းမခံနိုင်။ သို့ ဖြစ်၍ငါသည်အမျက်ထွက်သဖြင့် ဣသရေလ အမျိုးသားအပေါင်းကိုမသုတ်သင်မဖျက် ဆီးခဲ့ချေ။-
Common Language Bible
In The King James Version
In Context
10ထာဝရဘုရားကမောရှေအား၊-
Cross References
Exodus 20:5ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
Exodus 34:14``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။-
Deuteronomy 29:20ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
Deuteronomy 32:21သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။
Joshua 24:19ထိုအခါယောရှုကလူတို့အား``သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်နိုင်စွမ်း ရှိကြမည်မဟုတ်။ ကိုယ်တော်သည်သန့်ရှင်း မြင့်မြတ်သောဘုရားဖြစ်၍သင်တို့၏ အပြစ်များကိုလွှတ်တော်မူမည်မဟုတ်။ ကိုယ် တော်သည်ပြိုင်ဘက်ကိုလုံးဝလက်ခံတော် မမူ။-
1 Kings 14:22ယုဒပြည်သူတို့သည်ထာဝရဘုရားအား ပြစ်မှားကြ၏။ သူတို့သည်မိမိတို့ဘိုးဘေး အပေါင်းတို့ထက်ပင် ပို၍ဆိုးရွားစွာပြစ်မှား လျက်ကိုယ်တော်၏အမျက်တော်ကိုလှုံ့ဆော် ကြလေသည်။-