တောလည်ရာကျမ်း 26:65
ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 12:37ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ သုကုတ်မြို့သို့ခြေလျင်ခရီးဖြင့်ထွက်ခွာ လာခဲ့ကြ၏။ အရေအတွက်အားဖြင့်အမျိုး သမီးနှင့်ကလေးများမပါဘဲ စုစုပေါင်း လူခြောက်သိန်းမျှရှိလေသည်။-
Numbers 14:28ယခုသူတို့အားဤသို့ပြန်ပြောလော့။ `ငါ ထာဝရဘုရားသည်ငါ့ကိုယ်ကိုတိုင်တည်၍ သင်တို့တောင်းဆိုသည့်အတိုင်းငါပြုမည်။-
Numbers 14:32သင်တို့မူကားဤတောကန္တာရ၌သေဆုံးရ ကြမည်။-
Numbers 14:38စုံစမ်းထောက်လှမ်းသူတစ်ဆယ့်နှစ်ဦးအနက် ယောရှုနှင့်ကာလက်သာလျှင်အသက်ချမ်း သာရာရလေသည်။
Deuteronomy 2:14ကာဒေရှဗာနာအရပ်မှဇေရက်မြစ်ကိုကူး သည်အထိ နှစ်ပေါင်းသုံးဆယ်ရှစ်နှစ်ကြာခဲ့ သည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုလူမျိုးဆက်မှစစ်သူရဲအပေါင်းတို့ သည်ကွယ်လွန်ကြလေပြီ။-
Joshua 5:4အီဂျစ်ပြည်မှထွက်လာသောယောကျာ်းအား လုံးတို့သည် အရေဖျားလှီးခြင်းမင်္ဂလာကို ခံပြီးဖြစ်သည်။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် နှစ်ပေါင်းလေးဆယ်ကြာ သောတောကန္တာရခရီးတွင်မည်သည့်ယောကျာ်း ကလေးမျှအရေဖျားလှီးခြင်းမင်္ဂလာကို မခံခဲ့ရချေ။ ထိုအနှစ်လေးဆယ်ကာလ ကုန်ဆုံးသောအခါ၌အီဂျစ်ပြည်မှထွက် လာသောစစ်မှုထမ်းအရွယ်ရောက်သူယောကျာ်း အပေါင်းတို့သည် ထာဝရဘုရား၏ပညတ် တော်ကိုမလိုက်နာသဖြင့်သေဆုံးကြကုန်၏။ ထာဝရဘုရားသည်ဘိုးဘေးတို့အားပေး မည်ဟုကတိထားတော်မူသောမြေသြဇာ ထက်သန်၍ အစာရေစာပေါကြွယ်ဝသည့် ပြည်ကို ထိုသူတို့မမြင်ရဟုကျိန်ဆိုတော် မူသည်နှင့်အညီမြင်ခွင့်ကိုမရကြချေ။-