တောလည်ရာကျမ်း 26
1ရောဂါကပ်လွန်ပြီးနောက်ထာဝရဘုရား သည် မောရှေနှင့်အာရုန်၏သားဧလာဇာ တို့အား၊-
2``ဣသရေလအမျိုးသားအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ စစ်မှုထမ်း နိုင်သောယောကျာ်းဦးရေစာရင်းကို မိသားစု အလိုက်ကောက်ယူလော့'' ဟုမိန့်တော်မူ၏။-
3မောရှေနှင့်ဧလာဇာတို့သည်အမိန့်တော် အတိုင်း အသက်နှစ်ဆယ်နှင့် အထက်ရှိသူ ယောကျာ်းအပေါင်းတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ယေရိခေါမြို့တစ်ဘက်ယော်ဒန် မြစ်နားရှိမောဘလွင်ပြင်၌စုရုံးရောက် ရှိလာကြသည်။ အီဂျစ်ပြည်မှထွက်ခွာလာကြသောအသက် နှစ်ဆယ်နှင့်အထက်အရွယ်ရှိ ဣသရေလ အမျိုးသားထဲမှယောကျာ်းဦးရေမှာအောက် ပါအတိုင်းဖြစ်သည်။
5ရုဗင်အနွယ်(ရုဗင်သည်ယာကုပ်၏သားဦး ဖြစ်၏) သားချင်းစုများမှာဟာနုတ်၏သား ချင်းစု၊ ဖာလု၏သားချင်းစု၊-
6ဟေဇရုံ၏သားချင်းစုနှင့်ကာမိ၏သားချင်း စုတို့ဖြစ်သည်။
7ဤသားချင်းစုတို့၏ဦးရေမှာလေးသောင်း သုံးထောင့်ခုနစ်ရာ့သုံးဆယ်ယောက်ဖြစ်သည်။-
8ဖာလု၏အဆက်အနွယ်များမှာဧလျာဘနှင့်၊-
9သူ၏သားများဖြစ်သောနေမွေလ၊ ဒါသန်၊ အဘိရံတို့ဖြစ်ကြသည်။ (ဒါသန်နှင့်အဘိရံ တို့သည်ဣသရေလအမျိုးသားအပေါင်း တို့ကခေါင်းဆောင်အဖြစ်ရွေးချယ်ခြင်းခံရ၍ မောရှေနှင့်အာရုန်တို့၏အာဏာကိုဖီဆန် လျက် ကောရ၏နောက်လိုက်များနှင့်အတူ ထာဝရဘုရားကိုပုန်ကန်ခဲ့သူများ ဖြစ်ကြ၏။-
10ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။-
11သို့ရာတွင်ကောရ၏သားများသည်သေ ဘေးမှလွတ်ကြ၏။)
12ရှိမောင်အနွယ်မှသားချင်းစုများမှာ ယေ မွေလ၏သားချင်းစု၊ ယာမိန်၏သားချင်းစု၊ ယာခိန်၏သားချင်းစု၊-
13ဇေရ၏သားချင်းစုနှင့်ရှောလ၏ သားချင်း စုတို့ဖြစ်သည်။-
14ဤသားချင်းစုတို့၏ဦးရေမှာနှစ်သောင်း နှစ်ထောင့်နှစ်ရာယောက်ဖြစ်သည်။
15ဂဒ်အနွယ်မှသားချင်းစုများမှာ ဇေဖုန်၏ သားချင်းစု၊ ဟ္ဂိ၏သားချင်းစု၊ ရှုနိ၏သား ချင်းစု၊-
16သြဇနိ၏သားချင်းစု၊ ဧရိ၏သားချင်းစု၊-
17အာရုဒ်၏သားချင်းစုနှင့်အရေလိတို့၏ သားချင်းစုတို့ဖြစ်သည်။-
18ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်း ငါးရာယောက်ဖြစ်သည်။
19ယုဒအနွယ်မှသားချင်းစုများမှာ (ယုဒ ၏သားနှစ်ယောက်ဖြစ်သောဧရနှင့်သြနန် တို့သည်ခါနာန်ပြည်တွင်သေဆုံးခဲ့ကြ၏။-)
20ရှေလ၏သားချင်းစု၊ ဖာရဇ်၏သားချင်းစု၊ ဇေရ၏သားချင်းစု၊-
21ဟေဇရုံ၏သားချင်းစုနှင့်ဟာမုလ၏သား ချင်းစုတို့ဖြစ်သည်။-
22ဤသားချင်းစုတို့၏ဦးရေမှာ ခုနစ်သောင်း ခြောက်ထောင့်ငါးရာယောက်ဖြစ်သည်။
23ဣသခါအနွယ်မှသားချင်းစုများမှာ တောလ ၏သားချင်းစု၊ ဖုဝါ၏သားချင်းစု၊-
24ယာရှုပ်၏သားချင်းစုနှင့်ရှိမရုန်၏သားချင်းစု တို့ဖြစ်သည်။-
25ဤသားချင်းစုတို့၏ဦးရေမှာ ခြောက်သောင်း လေးထောင့်သုံးရာယောက်ဖြစ်သည်။
26ဇာဗုလုန်အနွယ်မှသားချင်းစုများမှာသရက် ၏သားချင်းစု၊ ဧလုန်၏သားချင်းစုနှင့်ယာ လေလ၏သားချင်းစုတို့ဖြစ်သည်။-
27ဤသားချင်းစုတို့၏ဦးရေမှာခြောက်သောင်း ငါးရာယောက်ဖြစ်သည်။
28ယောသပ်အနွယ်များမှာ မနာရှေနှင့်ဧဖရိမ်တို့ ဖြစ်သည်။ ယောသပ်သည် မနာရှေနှင့်ဧဖရိမ်တို့ ၏ဖခင်ဖြစ်သည်။
29မနာရှေအနွယ်၊ မနာရှေ၏သားမာခိရသည် ဂိလဒ်၏ဖခင်ဖြစ်သည်။ ဂိလဒ်မှဆင်းသက် သောသားချင်းစုများမှာ၊-
30ယေဇေရ၏သားချင်းစု၊ ဟေလက်၏သားချင်း စု၊-
31အသရေလ၏သားချင်းစု၊ ရှေခင်၏သားချင်းစု၊-
32ရှမိဒ၏သားချင်းနှင့်ဟေဖာ၏သားချင်းစုတို့ ဖြစ်ကြသည်။-
33ဟေဖာ၏သားဇလောဖဒ်တွင်သားယောကျာ်းမရှိ၊ သမီးများသာရှိ၏။ ထိုသမီးများ၏နာမည် များမှာမာလာ၊ နောအာ၊ ဟောဂလာ၊ မလကာ နှင့်တိရဇာတို့ဖြစ်သည်။-
34ဤသားချင်းစုတို့၏ဦးရေမှာငါးသောင်း နှစ်ထောင့်ခုနစ်ရာယောက်ဖြစ်သည်။
35ဧဖရိမ်အနွယ်မှသားချင်းစုများမှာ ရှုသလ၏ သားချင်းစု၊ ဗေခါ၏သားချင်းစုနှင့်တာဟန်၏ သားချင်းစုတို့ဖြစ်သည်။-
36ဧရန်၏သားချင်းစုသည် ရှုသလမှဆင်းသက် လာသည်။-
37ဤသားချင်းစုတို့၏ဦးရေမှာ သုံးသောင်းနှစ် ထောင့်ငါးရာယောက်ဖြစ်သည်။ ဤသားချင်းစုတို့သည်ယောသပ်မှဆင်းသက် လာသည်။
38ဗင်္ယာမိန်အနွယ်မှသားချင်းစုများမှာဗေလ ၏သားချင်းစု၊ အာရှဗေလ၏သားချင်းစု၊ အဟိရံ၏သားချင်းစု၊-
39ရှုဖံ၏သားချင်းစုနှင့်ဟုဖံ၏သားချင်းစုတို့ ဖြစ်သည်။-
40အာရဒ၏သားချင်းစုနှင့်နေမန်၏သားချင်း စုတို့သည် ဗေလမှဆင်းသက်လာကြသည်။-
41ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်းငါး ထောင့်ခြောက်ရာယောက်ဖြစ်သည်။
42ဒန်အနွယ်မှရှုဟံသားချင်းစု၏၊-
43ဦးရေမှာခြောက်သောင်းလေးထောင့်လေးရာယောက် ဖြစ်သည်။
44အာရှာအနွယ်မှသားချင်းစုများမှာယိမန သားချင်းစု၊ ယေသဝိသားချင်းစုနှင့်ဗေရိ သားချင်းစုတို့ဖြစ်သည်။-
45ဟေဗေရသားချင်းစုနှင့်မာလချေလ၏ သားချင်းစုတို့သည် ဗေရိမှဆင်းသက်လာသည်။-
46အာရှာတွင်စာရာနာမည်ရှိသမီးတစ်ယောက် ရှိ၏။-
47ဤသားချင်းစုတို့၏ဦးရေမှာငါးသောင်း သုံးထောင့်လေးရာယောက်ဖြစ်သည်။
48နဿလိအနွယ်မှသားချင်းစုများမှာ ယာဇေလ ၏သားချင်းစု၊ ဂုနိ၏သားချင်းစု၊-
49ယေဇရ၏သားချင်းစုနှင့်ရှိလ္လင်သားချင်းစု တို့ဖြစ်သည်။-
50ဤသားချင်းစုတို့၏ဦးရေမှာလေးသောင်းငါး ထောင့်လေးရာယောက်ဖြစ်သည်။
51ဣသရေလအမျိုးသားယောကျာ်းဦးရေမှာ ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ယောက် ဖြစ်သတည်း။
52ထာဝရဘုရားသည်မောရှေအား``အနွယ် တို့၏ဦးရေအနည်းအများအလိုက်ခါနာန် ပြည်ကိုခွဲဝေပေးလော့။ လူဦးရေများသော အနွယ်တို့အတွက်မြေပို၍လည်းကောင်း၊ လူဦး ရေနည်းသောအနွယ်တို့အတွက်မြေလျော့နည်း ၍လည်းကောင်းစာရေးတံချ၍ဝေပေးရမည်'' ဟုမိန့်တော်မူ၏။
57လေဝိအနွယ်တွင်ဂေရရှုံသားချင်းစု၊ ကော ဟတ်သားချင်းစုနှင့်မေရာရိသားချင်းစု တို့ပါဝင်ကြသည်။-
58ထိုသူတို့မှတစ်ဆင့်လိဗနိသားချင်းစု၊ ဟေ ဗြောနိသားချင်းစု၊ မာလိသားချင်းစု၊ မုရှိ သားချင်းစုနှင့်ကောရသိသားချင်းစုတို့ ဆင်းသက်လာကြသည်။ ကောဟတ်၏သား အာမရံသည်၊-
59လေဝိ၏သမီးယောခေဗက်၏ခင်ပွန်းဖြစ် သည်။ ယောခေဗက်သည်အီဂျစ်ပြည်၌ဖွား မြင်ခဲ့သည်။ အာမရံနှင့်ယောခေဗက်တို့သည် သားများဖြစ်သောအာရုန်နှင့်မောရှေ၊ သမီး ဖြစ်သောမိရိအံတို့ကိုရကြသည်။-
60အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ သည်။-
61နာဒပ်နှင့်အဘိဟုတို့သည်ထာဝရဘုရား အား မပူဇော်ထိုက်သောမီးဖြင့်ပူဇော်သော ကြောင့်သေဆုံးခဲ့ကြ၏။-
62လေဝိအနွယ်တွင်တစ်လသားအရွယ်နှင့် အထက်ရှိ သောယောကျာ်းဦးရေမှာနှစ်သောင်း သုံးထောင်ယောက်ဖြစ်သည်။ သူတို့သည်ဣသ ရေလနိုင်ငံတွင်နယ်မြေခွဲဝေပေးခြင်းမခံ ရသဖြင့် အခြားသောဣသရေလအမျိုး သားတို့ဦးရေစာရင်း၌မပါဝင်ဘဲသီး ခြားစာရင်းဖြင့်ဖော်ပြထားသည်။
63ဤလူဦးရေစာရင်းသည်မောရှေနှင့်ဧလာဇာ တို့က ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နား ရှိမောဘလွင်ပြင်တွင် ဣသရေလအမျိုး သားတို့ကိုသားချင်းစုအလိုက်ကောက်ယူ သည့်စာရင်းဖြစ်သတည်း။-
64ဤလူဦးရေစာရင်းတွင်မောရှေနှင့်အာရုန်တို့ သိနာတောကန္တာရ၌ကောက်ယူခဲ့သောပထမ သန်းခေါင်စာရင်းဝင်သူတစ်ဦးတစ်ယောက်မျှ မပါရှိချေ။-
65ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။