တောလည်ရာကျမ်း 27:20
ဣသရေလအမျိုးသားအပေါင်းတို့သည်သူ ၏သြဇာကိုနာခံကြစေခြင်းငှာ သင်၏ အာဏာအချို့ကိုသူ့အားလွှဲအပ်ပေးလော့။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 11:28ထိုအခါငယ်စဉ်ကတည်းကမောရှေကိုကူ ညီခဲ့သောနုန်၏သားဖြစ်သော ယောရှုက မောရှေအား``အရှင်၊ သူတို့ကိုတားမြစ် ပါ'' ဟုတိုက်တွန်းလေသည်။
Joshua 1:17မောရှေ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်တော်၏စကားကိုနားထောင်ပါမည်။ ထာဝရအရှင်ဘုရားသခင်သည်မောရှေ နှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။-
1 Samuel 10:9ရှောလုသည်ရှမွေလထံမှထွက်ခွာလာ ချိန်၌ ထာဝရဘုရားသည်ရှောလုအား စိတ်သဘောသစ်ကိုပေးတော်မူ၏။ ရှမွေလ ဖော်ပြခဲ့သမျှသောအမှုအရာတို့သည် လည်းထိုနေ့၌ဖြစ်ပျက်လာလေသည်။-
2 Kings 2:15ယေရိခေါမြို့မှပရောဖက်ငါးကျိပ်တို့သည် ဧလိရှဲကိုမြင်သဖြင့်``ဧလိယ၏တန်ခိုးကို ဧလိရှဲခံယူရရှိလေပြီ'' ဟုဆိုကြ၏။ သူ တို့သည်ဧလိရှဲအားလာရောက်ကြိုဆိုကာ သူ၏ရှေ့တွင်ဦးညွှတ်ကြပြီးနောက်၊-
1 Chronicles 29:25ထာဝရဘုရားသည်ဣသရေလအမျိုး သားအပေါင်း၏ရှေ့တွင်ရှောလမုန်အား လွန်စွာချီးမြှောက်တော်မူ၍ အခြားအဘယ် ဣသရေလဘုရင်မျှမရရှိဘူးသည့် ဘုန်းအသရေဖြင့်ပြည့်ဝစေတော်မူ၏။