တောလည်ရာကျမ်း 27:19
ယဇ်ပုရောဟိတ်ဧလာဇာနှင့်လူအပေါင်းတို့ ရှေ့တွင် သူ့ကိုရပ်စေ၍သင့်ကိုဆက်ခံသူ အဖြစ်ကြေညာလော့။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 31:7ထို့နောက်မောရှေသည်ယောရှုကိုဆင့်ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့ တွင်သူ့အား``သင်သည်အားမာန်တင်း၍ရဲရင့် ခြင်းရှိလော့။ ထာဝရဘုရားသည် သင်တို့ ၏ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်ကို တိုက်ခိုက်သိမ်းယူရန်သင်သည်ဤ သူတို့ကိုဦးဆောင်ရမည်။-
Luke 9:1သခင်ယေရှုသည်တမန်တော်တစ်ဆယ့်နှစ်ပါးတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် နတ်မိစ္ဆာ အပေါင်းကိုနှင်ထုတ်နိုင်သောတန်ခိုးအာဏာ နှင့် အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးအာဏာကိုပေးအပ်တော်မူ၏။-
Acts 20:28သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
1 Timothy 5:21ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-
2 Timothy 4:1ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။-