တောလည်ရာကျမ်း 28:7
ပထမသိုးကလေးနှင့်အတူယဇ်ပလ္လင်တွင် စပျစ်ရည်နှစ်ပိုင့်ကိုလောင်း၍စပျစ်ရည် သကာအဖြစ်ဆက်သရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 29:40ပထမသိုးနှင့်အတူဂျုံမုန့်ညက်နှစ်ပေါင်နှင့် သံလွင်ဆီတစ်ကွတ်ရောသောပူဇော်သကာ ကိုလည်းပူဇော်ရမည်။ စပျစ်ရည်တစ်ကွတ် ကိုလည်းပူဇော်သကာအဖြစ်လောင်းချ ရမည်။-
Exodus 30:9ထိုပလ္လင်ပေါ်တွင်ကား၊ တားမြစ်ထားသော နံ့သာကိုမပူဇော်ရ။ ယဇ်ကောင်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မပူဇော်ရ။ စပျစ်ရည်ပူဇော်သကာကို လည်း၊ မသွန်းလောင်းရ။-
Leviticus 23:13ထိုမီးရှို့ပူဇော်သောယဇ်နှင့်အတူသံလွင် ဆီရောသောမုန့်ညက်လေးပေါင်ကို ဘောဇဉ် ပူဇော်သကာအဖြစ်ဆက်သရမည်။ ထိုပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။ ထိုယဇ်နှင့်အတူစပျစ်ရည်ငါး ဆယ်သားခန့်ကိုလည်းဆက်သရမည်။-
Numbers 15:7စပျစ်ရည်သုံးပိုင့်ကိုလည်းဆက်သရမည်။ ဤသကာတို့၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
Numbers 28:14ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-
Isaiah 57:6ထိုအရပ်မှချောမွတ်သည့်ကျောက်ခဲများကို ယူ၍ သင်တို့၏ဘုရားများအဖြစ်ကိုးကွယ် ကြ၏။ သင်တို့သည်စပျစ်ရည်ကိုသွန်းလောင်း၍ ထိုဘုရားတို့ကိုပူဇော်ကြ၏။ ဘောဇဉ်သကာကို ဆက်သကြ၏။ ဤသို့သင်တို့ပြုသည်ကိုငါ နှစ်သက်တော်မူသည်ဟု သင်တို့ထင်မှတ်ကြ ပါသလော။-