တောလည်ရာကျမ်း 7:89
မောရှေသည်ထာဝရဘုရားအားလျှောက် ထားရန်တဲတော်ထဲသို့ဝင်သောအခါ ပဋိ ညာဉ်သေတ္တာအဖုံးအထက်ခေရုဗိမ်ရုပ်နှစ်ခု ကြားမှထာဝရဘုရားမိန့်တော်မူသံကို ကြားရလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 25:18အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ် နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။-
Exodus 33:9မောရှေတဲတော်ထဲသို့ဝင်သောအခါ၊ မိုး တိမ်တိုက်သည်ဆင်းသက်လာ၍၊ တဲဝတွင် ရပ်တန့်လျက်နေ၏။ ထာဝရဘုရားသည် တိမ်တိုက်ထဲမှမောရှေအားမိန့်ကြား တော်မူ၏။-
Numbers 1:1ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာတောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေအားအောက်ပါအတိုင်းမိန့်တော်မူ၏။-
Numbers 12:8သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။
1 Kings 6:23သံလွင်သားဖြင့်ပြုလုပ်၍ အမြင့်ဆယ့်ငါးပေ စီရှိသောခေရုဗိမ်နှစ်ပါးကို အလွန်သန့်ရှင်း ရာဌာနတော်တွင်ထားရှိ၏။-
Psalms 99:1ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။