Psalms 99:1
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
Common Language Bible
In The King James Version
The LORD reigneth; let the people tremble: he sitteth between the cherubims; let the earth be moved.
In Context
Cross References
Exodus 25:22ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။
1 Chronicles 16:30ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။
Psalms 2:11သင်တို့သည်ကြောက်ရွံ့ရိုသေသောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်ကြလော့။
Psalms 21:8မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။ ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။
Psalms 80:2ဧဖရိမ်၊ဗင်္ယာမိန်နှင့်မနာရှေအမျိုးအနွယ် တို့အား ပေါ်လွင်ထင်ရှား၍ တန်ခိုးတော်ကိုပြတော်မူပြီးလျှင်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။
Psalms 93:1ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။