The Bible Software
bible.software › ဖိလိပ္ပိဩဝါဒစာ › ဖိလိပ္ပိဩဝါဒစာ 2 › ဖိလိပ္ပိဩဝါဒစာ 2:7

ဖိလိပ္ပိဩဝါဒစာ 2:7

ယင်း​သို့​ပြု​မည့်​အ​စား​မိ​မိ​အ​လို​အ​လျောက် ဘုန်း​အ​သ​ရေ​တော်​ရှိ​သ​မျှ​ကို​စွန့်​၍ အ​စေ​ခံ​၏​ဇာ​တိ​ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​အ​သွင်​ကို​ယူ​ဆောင်​၍ လူ​ကဲ့​သို့​သော​အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။

Common Language Bible

In The King James Version

But made himself of no reputation, and took upon him the form of a servant, and was made in the likeness of men:

In Context

6ကိုယ်​တော်​သည်​ဘု​ရား​ဇာ​တိ​တော်​နှင့် ထာ​ဝ​စဉ်​ပြည့်​စုံ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ဋ္ဌမ္မ​နည်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့် ဂုဏ်​ရည်​တူ​ရန်​ကြိုး​စား​သင့်​သည်​ဟု ထင်​မှတ်​တော်​မ​မူ။

8မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​လက်​ဝါး​ကပ် တိုင်​ပေါ်​တွင် အ​သေ​ခံ​သည့်​တိုင်​အောင်၊နာ​ခံ​ခြင်း​လမ်း​စဉ်​ကို လိုက်​လျှောက်​တော်​မူ​၏။

Read all of ဖိလိပ္ပိဩဝါဒစာ 2

Cross References

Isaiah 42:1ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။

Isaiah 49:6ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊ သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​က ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန် ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

Isaiah 52:13ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​အ​စေ​ခံ​သည်​မိ​မိ​ပြု​သော​အ​မှု​တွင် ပ​ညာ​ရှိ​စွာ​ပြု​မူ​လိမ့်​မည်။ သူ​သည်​ချီး​မြှောက်​ခြင်း​ခံ​ရ​၍​ကြီး​မြတ်​သော ဂုဏ်​အ​သ​ရေ​ရှိ​လိမ့်​မည်။

Isaiah 53:11သူ​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရာ​မှ​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။ မိ​မိ​ခံ​စား​ခဲ့​ရ​သည့်​ဝေ​ဒ​နာ​မှာ​အ​ချည်း​နှီး မ​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​လာ​လိမ့်​မည်။ သူ​သည်​ငါ​၏​အ​စေ​ခံ​သူ​တော်​ကောင်း​ဖြစ်​၏။ လူ​အ​များ​၏​အ​ပြစ်​ဝန်​ကို​ထမ်း​ဆောင်​လျက်၊ ထို​ဆောင်​ရွက်​မှု​ကြောင့်​ထို​သူ​တို့​အား အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို​ငါ​ပေး​မည်။

Daniel 9:26ထို​ကာ​လ​သီ​တင်း​နှစ်​ခြောက်​ဆယ့်​နှစ်​နှစ် ကုန်​ဆုံး​ချိန်​၌ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော် မူ​သော​ခေါင်း​ဆောင်​သည် မ​တ​ရား​လုပ်​ကြံ သတ်​ဖြတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ခြား အ​ရပ်​မှ​ချင်း​နင်း​ဝင်​ရောက်​လာ​သူ တန်​ခိုး ကြီး​မင်း​တစ်​ပါး​၏​စစ်​သည်​ဗိုလ်​ခြေ​တို့ သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း စစ်​မှု​နှင့်​ပျက်​စီး​မှု​တို့​သည်​ရေ​လွှမ်း​မိုး သ​ကဲ့​သို့​ဖြစ်​ပွား​ရ​လိမ့်​မည်။-

Zechariah 9:9ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)

Study ဖိလိပ္ပိဩဝါဒစာ 2:7

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← ဖိလိပ္ပိဩဝါဒစာ 2:6ဖိလိပ္ပိဩဝါဒစာ 2ဖိလိပ္ပိဩဝါဒစာ 2:8 →