Proverbs 12:10
ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။
Common Language Bible
In The King James Version
A righteous man regardeth the life of his beast: but the tender mercies of the wicked are cruel.
In Context
9စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေ မရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ၍ ကောင်း၏။
11မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။
Cross References
Genesis 33:13ယာကုပ်က``ကိုယ်တော်သိသည်အတိုင်းကျွန် တော်၏ကလေးများသည်နုနယ်ကြပါ၏။ နို့စို့သားငယ်များပါသောသိုး၊ ဆိတ်၊ နွားတို့ ကိုလည်းညှာရပါမည်။ တိရစ္ဆာန်တို့ကိုတစ်နေ့ မျှခရီးပြင်းနှင်လျှင်တစ်အုပ်လုံးသေဆုံး ကုန်ပါလိမ့်မည်။-
Numbers 22:28ထိုအခါထာဝရဘုရားသည်မြည်းကိုလူကဲ့ သို့ စကားပြောစေသဖြင့်မြည်းကဗာလမ် အား``ငါ့ကိုအဘယ်အပြစ်ကြောင့်သုံးကြိမ် တိုင်အောင်ရိုက်ရပါသနည်း'' ဟုမေးလေ သည်။
Deuteronomy 25:4``စပါးနယ်နေသောနွားကိုပါးချုပ်တပ်၍ မထားရ။
1 Samuel 11:2နာဟတ်က``ဣသရေလအမျိုးသားတစ် ရပ်လုံးအသရေပျက်စေရန် သင်တို့၏ညာ မျက်စိရှိသမျှကိုဖောက်ပစ်ခွင့်ပေးမှသာ ငါသည်သင်တို့နှင့်မဟာမိတ်စာချုပ်ချုပ် ဆိုနိုင်မည်'' ဟုဆို၏။
John 4:11ထိုအမျိုးသမီးက ``အရှင်၊ ရေတွင်းသည် နက်ပါ၏။ အရှင့်မှာခပ်စရာရေပုံးမရှိ ပါ။ အဘယ်မှာလျှင်အသက်ရေကိုရပါ မည်နည်း။-
James 2:13ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။