Proverbs 13:16
သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။
Common Language Bible
In The King James Version
Every prudent man dealeth with knowledge: but a fool layeth open his folly.
In Context
15ကောင်းသောဥာဏ်ရှိသောသူသည် မျက်နှာ ရတတ်၏။ ပြစ်မှားသော သူတို့လမ်းမူကား၊ ခက်သော လမ်းဖြစ်၏။
17မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ်၏။သစ္စာရှိသော သံတမန်မူကား၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။
Cross References
1 Samuel 25:17ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။
Psalms 112:5ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
Proverbs 12:23ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏။
Proverbs 15:2ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
Ecclesiastes 10:3မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။
Isaiah 52:13ထာဝရဘုရားက ``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။ သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။