Proverbs 14:18
ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။
Common Language Bible
In The King James Version
The simple inherit folly: but the prudent are crowned with knowledge.
In Context
17စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။
19လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။
Cross References
Proverbs 4:7ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့။
Proverbs 11:29မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
Jeremiah 44:17ငါတို့သည်မိမိတို့ယခင်ကပြောကြားခဲ့ သည့်အမှုတို့ကိုသာပြုကြပါမည်။ ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများတွင်ငါ တို့နှင့်ငါတို့ဘိုးဘေးများ၊ ငါတို့ဘုရင် နှင့်ခေါင်းဆောင်များပြုလေ့ရှိသည့်အတိုင်း ကောင်းကင်ဘုရင်မဟုအမည်တွင်သော နတ်သမီးကိုယဇ်ပူဇော်၍ သူ၏အဖို့ စပျစ်ရည်ပူဇော်သကာများကိုသွန်းလောင်း ပါမည်။ ထိုစဉ်အခါကငါတို့သည်ဝစွာ စားရကြ၏။ ချမ်းသာကြွယ်ဝလျက်ဘေး ဒုက္ခနှင့်ကင်းဝေးခဲ့ကြ၏။-
Matthew 23:29``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပရောဖက်များ၏သင်္ချိုင်းဂူများကိုတည်ဆောက် ပေးကြ၏။ သူတော်ကောင်းတို့၏သင်္ချိုင်းဂူများကို မွမ်းမံခြယ်လှယ်ပေးကြ၏။-
1 Peter 1:18မိမိတို့ဘိုးဘေးများထံမှဆက်ခံရရှိ သောအချည်းနှီးသောဘဝမှအဘယ်သို့ အဖိုးအခပေး၍ သင်တို့အားလွတ်မြောက် စေကြောင်းကိုသင်တို့သိကြ၏။ ထိုအဖိုး အခသည်ရွှေ၊ ငွေအစရှိသည့်ဖောက်ပြန် ပျက်စီးတတ်သောအရာမဟုတ်။-