Proverbs 20:18
အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။
Common Language Bible
In The King James Version
Every purpose is established by counsel: and with good advice make war.
In Context
17လှည့်စား၍ ရသောအစာသည် ချိုမြိန်သော် လည်း၊ စားသော သူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။
Cross References
Judges 9:29အကယ်၍ငါသာဤလူစု၏ခေါင်းဆောင်ဖြစ် ပါလျှင် အဘိမလက်ကိုဖယ်ရှားပစ်မည်။ `သင် ၏တပ်ကိုအင်အားဖြည့်၍ ငါ့ကိုလာရောက် တိုက်ခိုက်လော့' ဟုသူ့အားငါပြောမည်။''
Judges 20:7ဤအရပ်တွင်ရောက်ရှိနေသောသင်တို့ အပေါင်းသည် ဣသရေလအမျိုးသားများ ဖြစ်ကြသည်။ ဤအမှုနှင့်ပတ်သက်၍အဘယ် သို့အရေးယူဆောင်ရွက်ကြပါမည်နည်း'' ဟု မေး၏။
2 Samuel 2:26အာဗနာကယွာဘအား``ငါတို့သည်အစဉ်အမြဲ ဆက်လက်တိုက်ခိုက်နေရကြပါမည်လော။ နောက်ဆုံး ၌စိတ်နာမှုမှတစ်ပါးအဘယ်အကျိုးမျှရှိမည် မဟုတ်ကြောင်း သင်မသိမမြင်ပါသလော။ ငါတို့ သည်သင်တို့နှင့်တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူများဖြစ်ပါ၏။ ငါတို့အားလိုက်လံ တိုက်ခိုက်မှုကိုရပ်စဲကြစေရန် သင်၏လူတို့ အားအမိန့်မပေးဘဲအဘယ်မျှကြာအောင် ဆိုင်းငံ့နေပါဦးမည်နည်း'' ဟုဟစ်အော်၍ ပြော၏။
2 Kings 18:20စကားပြောရုံဖြင့်စစ်တိုက်ရန်စွမ်းရည်ရှိသည် ဟုထင်ပါသလော။ ငါ့ကိုပုန်ကန်ရန်သင့်အား အဘယ်သူကူညီလိမ့်မည်နည်း။-
Proverbs 11:14အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။