Proverbs 23:6
မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။
Common Language Bible
In The King James Version
Eat thou not the bread of him that hath an evil eye, neither desire thou his dainty meats:
In Context
7သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။
Cross References
Deuteronomy 15:9အကြွေးကိုသင်ပုန်းချေပယ်ဖျက်ရမည့်နှစ် နီးလာသဖြင့် ထိုသူအားမချေးငှားဘဲ မနေနှင့်။ သင်၌ထိုကဲ့သို့တွန့်တိုသောစိတ် မဝင်စေရ။ သင်သည်သူ့အားမချေးငှားလျှင် သူသည်ထာဝရဘုရားထံတိုင်တန်းသဖြင့် သင် သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။-
Psalms 141:4မကောင်းမှုကိုသော်လည်းကောင်း၊ ဆိုးညစ်သူတို့နှင့်အတူ ယုတ်မာမှုများကိုသော်လည်းကောင်း ပြုကျင့်လိုသောစိတ်ဆန္ဒနှင့်ကျွန်တော်မျိုးအား ကင်းဝေးစေတော်မူပါ။ ကျွန်တော်မျိုးသည်ထိုသူတို့၏စားသောက်ပွဲ များကို အစဉ်အမြဲရှောင်ရှားနိုင်ပါစေသော။
Proverbs 23:3ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။
Daniel 1:8ဒံယေလသည်ပွဲတော်စာနှင့်စပျစ်ရည်တို့ကိုစားသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာရေးကျင့်ထုံးအရမညစ်ညမ်းစေရန်စိတ်ပိုင်းဖြတ်ပြီးလျှင် မိန်းမစိုးအုပ်အာရှပေနတ်၏အကူအညီကိုတောင်းခံလေ၏။-
Mark 7:22သူ့အိမ်ရာကိုပြစ်မှားခြင်း၊ လောဘလွန်ကူး ခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စား ခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်လော်လည်ခြင်း-