The Bible Software
bible.software › Psalms › Psalms 141 › Psalms 141:4

Psalms 141:4

မ​ကောင်း​မှု​ကို​သော်​လည်း​ကောင်း၊ ဆိုး​ညစ်​သူ​တို့​နှင့်​အ​တူ ယုတ်​မာ​မှု​များ​ကို​သော်​လည်း​ကောင်း ပြု​ကျင့်​လို​သော​စိတ်​ဆန္ဒ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​ဝေး​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ထို​သူ​တို့​၏​စား​သောက်​ပွဲ များ​ကို အ​စဉ်​အ​မြဲ​ရှောင်​ရှား​နိုင်​ပါ​စေ​သော။

Common Language Bible

In The King James Version

Incline not my heart to any evil thing, to practise wicked works with men that work iniquity: and let me not eat of their dainties.

In Context

3အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ခံ​တွင်း​အ​တွက် အ​စောင့်​အ​ကြပ်​ကို​လည်းကောင်း၊ ကျွန်​တော်​မျိုး​၏​နှုတ်​ဝ​တွင်​ကင်း​စောင့် ကို​လည်း​ကောင်း​ထား​ရှိ​တော်​မူ​ပါ။

5သူ​တော်​ကောင်း​သည်​ကျွန်​တော်​မျိုး​အား သ​နား​ကြင်​နာ​စွာ​ဒဏ်​ပေး​ခြင်း​ပြော​ဆို ဆုံး​မ​ခြင်း​ကို​ပြု​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​ချီး​မြှင့်​ဂုဏ်​ပြု ခြင်း​ကို ခံ​ယူ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​အ​ပြစ် ဒု​စ​ရိုက်​နှင့်​ပတ်​သက်​၍ ကျွန်​တော်​မျိုး​အ​စဉ်​ပတ္ထနာ​ပြု​လျက်​နေ​သော ကြောင့် ဖြစ်​ပါ​၏။

Read all of Psalms 141

Cross References

Numbers 25:2ထို​အ​မျိုး​သ​မီး​တို့​က မော​ဘ​ဘုရား​ယဇ်​ပူ​ဇော် ပွဲ​များ​သို့​သူ​တို့​ကို​ခေါ်​သွား​ကြ​၏။ ဣသ​ရေ​လ အ​မျိုး​သား​တို့​သည်​ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ ဘု​ရား​အား ပူ​ဇော်​သော​အ​စား​အ​စာ​ကို​စား ၍​ထို​ဘု​ရား​ကို​ဦး​ချ​ရှိ​ခိုး​ကြ​၏။-

Deuteronomy 29:4သို့​ရာ​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သ​မျှ ကို​သ​ဘော​ပေါက်​နား​လည်​နိုင်​သည့်​ဉာဏ်​ကို ယ​နေ့​တိုင်​အောင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပေး​တော်​မ​မူ။-

1 Kings 13:8ပ​ရော​ဖက်​က​လည်း``ဘု​ရင်​မင်း​၏​စည်း​စိမ်​ဥစ္စာ တစ်​ဝက်​ကို​ပင်​ပေး​သော်​လည်း​ငါ​မ​လိုက်​လို​ပါ။ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​မ​စား​လို​ပါ။-

Psalms 28:3မ​ကောင်း​မှု​ပြု​သည့်​သူ​ယုတ်​မာ​များ​နှင့်​အ​တူ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မ​မူ ပါ​နှင့်။ ထို​သူ​တို့​သည်​နှုတ်​ချို​သော်​လည်း​မုန်း​စိတ်​ရှိ ကြ​ပါ​၏။

Proverbs 23:1မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။

Isaiah 63:17ကျွန်​တော်​မျိုး​တို့​အား​အ​ဘယ်​ကြောင့်​ကိုယ်​တော် ရှင်​၏​တ​ရား​လမ်း​မှ​လွှဲ​ရှောင်​သွား​စေ​တော်​မူ ပါ​သ​နည်း၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​တို့ အား​ခေါင်း​မာ​စေ​လျက် ကိုယ်​တော်​ရှင်​ထံ​မှ​ရှောင် လွှဲ​စေ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် သူ​တို့​ကို​ထောက်​ထား​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​ထာ​ဝ​စဉ်​ပိုင်​သ​တော်​မူ​သည့် လူ​မျိုး​တော်​အား​ထောက်​ထား​သ​ဖြင့်​လည်း ကောင်း ပြန်​လည်​ကြွ​လာ​တော်​မူ​ပါ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 141:4

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 141:3Psalms 141Psalms 141:5 →