Proverbs 26:21
မီးခဲချင်းပြုသကဲ့သို့၎င်း၊ ထင်းသည် မီးကိုမွေး သကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။
Common Language Bible
In The King James Version
As coals are to burning coals, and wood to fire; so is a contentious man to kindle strife.
In Context
20ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ်၏။
22ကုန်းတိုက်သော သူ၏စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
Cross References
2 Samuel 20:1ဂိလဂါလမြို့တွင်ဗိခရိ၏သား၊ ဗင်္ယာမိန် အနွယ်ဝင်၊ ရှေဘဆိုသူလူဆိုးလူသွမ်း တစ်ယောက်ရှိ၏။ သူသည်တံပိုးခရာမှုတ်ပြီး လျှင်``ဒါဝိဒ်ကိုအလိုမရှိ။ ငါတို့သူ့နောက် သို့မလိုက်လို။ ဣသရေလပြည်သူတို့ငါတို့ သည်အိမ်သို့ပြန်ကြကုန်အံ့'' ဟုဟစ်အော် ကြွေးကြော်၏။-
1 Kings 12:20ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည် မှယေရောဗောင်ပြန်လည်ရောက်ရှိလာသည့် သတင်းကိုကြားသောအခါ သူ့အားလူထု အစည်းအဝေးသို့ဖိတ်ခေါ်ကာ ဣသရေလ ဘုရင်အဖြစ်မင်းမြှောက်ကြကုန်၏။ ယုဒ အနွယ်သာလျှင်ဒါဝိဒ်၏သားမြေးတို့ အပေါ်တွင်သစ္စာစောင့်ကြလေသည်။
Proverbs 10:12မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ်၏။ ချစ်သော စိတ်မူကား၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ်၏။
Proverbs 29:22စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။