Proverbs 27:4
မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
Common Language Bible
In The King James Version
Wrath is cruel, and anger is outrageous; but who is able to stand before envy?
In Context
3ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။
5ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ၍ကောင်း၏။
Cross References
Genesis 37:11ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
1 Samuel 18:9ထိုနေ့မှစ၍ဒါဝိဒ်အားမနာလိုစိတ်ပွား များကာမယုံသင်္ကာဖြစ်၍နေတော့၏။
Proverbs 6:34အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
Song of Solomon 8:6သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။
Acts 5:17ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
Acts 17:5သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-