Proverbs 27:3
ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။
Common Language Bible
In The King James Version
A stone is heavy, and the sand weighty; but a fool’s wrath is heavier than them both.
In Context
4မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
Cross References
Genesis 49:7သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
1 Samuel 22:18ထို့ကြောင့်ရှောလုသည်ဒေါဂအား``သင်သည် သူတို့ကိုသတ်လော့'' ဟုမိန့်တော်မူလျှင် ဒေါဂသည်ယဇ်ပုရောဟိတ်အပေါင်းကို သတ်လေ၏။ ထိုနေ့၌ဒေါဂသည်သင်တိုင်း ကိုဝတ်သောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ရှစ်ဆယ့်ငါးပါးတို့ကိုသတ်လိုက် သတည်း။-
Proverbs 17:12မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့်။ သားငယ်ပျောက်သော ဝံမနှင့်သာ၍ တွေ့ပါစေ သော။
1 John 3:12မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။