Psalms 10:11
သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
Common Language Bible
In The King James Version
He hath said in his heart, God hath forgotten: he hideth his face; he will never see it.
In Context
10သူ၏ရက်စက်သောခွန်အားဖြင့်ခိုကိုးရာမဲ့ သူတို့ကို ပြိုလဲစေ၏။
Cross References
Job 22:13သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
Psalms 59:8သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်သူတို့ကိုကြည့်၍ ပြုံးရယ်တော်မူပါ၏။ ဘုရားမဲ့သူအပေါင်းတို့ကိုပြက်ရယ်ပြု တော်မူပါ၏။
Psalms 64:6သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင် ``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။ လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။
Psalms 94:7သူတို့က``ထာဝရဘုရားသည်ငါတို့ကို မြင်တော်မမူ။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရှုမြင်တော်မမူ'' ဟုဆိုကြ၏။
Ezekiel 8:12ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။
Hosea 7:2ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။