Psalms 102:16
ထာဝရဘုရားသည်ဇိအုန်မြို့ကိုပြန်လည် တည်ထောင်တော်မူသောအခါ မိမိ၏ဘုန်းအသရေတော်ကိုပေါ်လွင် ထင်ရှားစေတော်မူလိမ့်မည်။
Common Language Bible
In The King James Version
When the LORD shall build up Zion, he shall appear in his glory.
In Context
Cross References
Psalms 69:35ကိုယ်တော်သည်ဇိအုန်တောင်ကိုကယ်ဆယ်တော် မူ၍ ယုဒမြို့တို့ကိုပြန်၍တည်တော်မူလိမ့်မည်။ ကိုယ်တော်၏လူစုတော်သည်ထိုမြို့များတွင် နေထိုင်ကြလျက်တိုင်းပြည်ကိုပိုင်ဆိုင်ကြ လိမ့်မည်။
Psalms 147:2ထာဝရဘုရားသည်ယေရုရှလင်မြို့ကို ပြန်လည်ထူထောင်လျက်တိုင်းတစ်ပါးတွင် နေကြရသူ ဣသရေလအမျိုးသားတို့အားပြန်လည် ခေါ်ဆောင်လာတော်မူ၏။
Isaiah 14:26ဤကားကမ္ဘာလောကအတွက်ငါ၏အကြံ အစည်တော်ပင်ဖြစ်၍၊ ငါသည်လူမျိုးတကာ တို့အားအပြစ်ဒဏ်ခတ်ရန်လက်တော်ကိုချိန် ရွယ်လျက်ထားသတည်း'' ဟုမိန့်ကြားတော် မူ၏။-
Isaiah 60:1အို ယေရုရှလင်မြို့၊နိုးထ၍နေကဲ့သို့ထွန်းတောက်လော့။ သင်၏အလင်းပေါ်ထွန်းလာပြီ။ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင့်အပေါ်၌ထွန်းလင်းလျက်နေ၏။
Isaiah 60:7ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
Isaiah 66:18သူတို့၏အပြုအမူအကျင့်အကြံများကို ငါသိ၏။ ငါသည်နိုင်ငံတကာမှလူတို့ကို စုသိမ်းရန်ကြွလာတော်မူမည်။ ထိုသူတို့သည် စုဝေးမိသောအခါငါ၏ဘုန်းတန်ခိုးတော် မည်မျှတတ်စွမ်းတော်မူကြောင်းကိုမြင်ရ လိမ့်မည်။ မိမိတို့အားအပြစ်ဒဏ်ခတ်သူ မှာငါပင်ဖြစ်ကြောင်းကိုလည်းသိရှိကြ လိမ့်မည်။ သို့ရာတွင်ငါသည်အချို့သောသူ များကိုချမ်းသာပေးမည်။-