Isaiah 60:7
ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 25:13ဣရှမေလ၏ကြီးစဉ်ငယ်လိုက်သားများ၏ နာမည်များမှာသားဦးနဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊-
Isaiah 21:16ထိုနောက်ထာဝရဘုရားကငါ့အား``တစ်နှစ် တိတိကြာသောအခါ ကေဒါလူမျိုးစု၏ ဘုန်းအသရေသည်လုံးဝကွယ်ပျောက်သွား လိမ့်မည်။-
Isaiah 56:7``ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် တောင်သို့သင်တို့အားပို့ဆောင်မည်။ ငါ့အား ဆုတောင်းပတ္ထနာပြုရာအိမ်တော်တွင် သင် တို့သည်ဝမ်းမြောက်ခွင့်ကိုရရှိကြလိမ့်မည်။ ငါ၏ယဇ်ပလ္လင်တွင်သင်တို့တင်လှူပူဇော် သည့်မီးရှို့ရာယဇ်တို့ကို ငါလက်ခံမည်။ ငါ ၏ဗိမာန်တော်ကိုလူမျိုးတကာတို့ ဆုတောင်း ပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်သမုတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Ezekiel 27:21အာရပ်သားများနှင့်ကေဒါဘုရင်တို့ သည်သင်၏ကုန်စည်များကိုသိုးငယ်၊ သိုး ကြီးနှင့်ဆိတ်များကိုပေး၍ဝယ်ယူကြ၏။-
Haggai 2:7လူမျိုးတကာတို့အားဖြိုခွင်းပစ်မည်။ ထို သူတို့၏ရွှေငွေဘဏ္ဍာများကို ဤအရပ်သို့ လူတို့အားယူဆောင်လာစေမည်။ ဗိမာန် တော်သည်လည်းရွှေငွေဘဏ္ဍာများဖြင့် ပြည့်နှက်လျက်နေလိမ့်မည်ဟု အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။-
Romans 15:16ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-