Psalms 103:4
ကိုယ်တော်သည်ငါ့အားသေဘေးမှကယ်တော်မူ၍ မေတ္တာတော်နှင့်ကရုဏာတော်တို့ဖြင့် ရစ်ပတ်တော်မူ၏။
Common Language Bible
In The King James Version
Who redeemeth thy life from destruction; who crowneth thee with lovingkindness and tender mercies;
In Context
Cross References
Job 33:28သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
Psalms 8:5သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက် သူ့အားဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။
Psalms 34:22ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူလိမ့်မည်။ ကိုယ်တော်ထံတော်သို့ခိုလှုံရန်ချဉ်းကပ်သူတို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်ကြလိမ့်မည်။
Psalms 65:11ကိုယ်တော်ရှင်ကောင်းမြတ်တော်မူခြင်းကြောင့် ရိတ်သိမ်းရသည့်အသီးအနှံများကား များပြားလှပါသည်တကား။ ကိုယ်တော်ရှင်ကြွရောက်တော်မူရာအရပ် တိုင်း၌ ပေါများကြွယ်ဝမှုရှိပါသည်တကား။
Psalms 103:12အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။