Psalms 103:5
ကိုယ်တော်သည်ငါ့အားကောင်းချီးပေးတော်မူ သဖြင့် ငါသည်လင်းယုန်ငှက်ကဲ့သို့နုပျိုသန်စွမ်း လျက်ရှိ၏။
Common Language Bible
In The King James Version
Who satisfieth thy mouth with good things; so that thy youth is renewed like the eagle’s.
In Context
Cross References
Joshua 14:11သို့ရာတွင်မောရှေကအကျွန်ုပ်အားဤပြည် ကိုထောက်လှမ်းရန်စေလွှတ်သည့်အချိန်မှာ ကဲ့သို့ ယခုအချိန်လည်းအကျွန်ုပ်သန်မာ လျက်ရှိပါ၏။ အကျွန်ုပ်သည်စစ်မှုထမ်းရန် သော်လည်းကောင်း၊ အခြားတာဝန်ထမ်း ဆောင်ရန်သော်လည်းကောင်းခွန်အားရှိ ပါသေးသည်။-
Psalms 23:5ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် ရန်သူအပေါင်းတို့၏ရှေ့မှောက်တွင်စားပွဲကို တည်ခင်းတော်မူပါ၏။ ဧည့်သည်တော်အဖြစ်ကျွန်တော်မျိုး၏ဦးခေါင်းကို ဆီလောင်း၍ကြိုဆိုတော်မူ၏။ ကျွန်တော်မျိုး၏ခွက်ဖလားကိုလည်း ပြည့်လျှံအောင်ဖြည့်တော်မူပါ၏။
Psalms 65:4ဗိမာန်တော်၌နေ၍အထံတော်သို့ချဉ်းကပ် စေရန် ကိုယ်တော်ရှင်ရွေးချယ်သောသူများသည် မင်္ဂလာရှိပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏အိမ်တော်မှ ကောင်းမြတ်သောအရာများ၊သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်မှကောင်းချီးမင်္ဂလာများကိုခံစား ရရှိ ကြသဖြင့်ရောင့်ရဲကြပါလိမ့်မည်။
Psalms 107:9ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
Isaiah 40:31သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
2 Corinthians 4:16ဤအကြောင်းကြောင့်ငါတို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ကြ။ ငါတို့၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းယို ယွင်းပျက်စီးလျက်ရှိသော်လည်း ငါတို့၏ ဝိညာဉ်မူကားနေ့စဉ်နှင့်အမျှအသစ် ပြုပြင်ခြင်းကိုခံရ၏။-