Psalms 105:2
သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
Common Language Bible
In The King James Version
Sing unto him, sing psalms unto him: talk ye of all his wondrous works.
In Context
Cross References
Exodus 13:14နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
Judges 5:3အချင်းရှင်ဘုရင်တို့နားထောင်ကြလော့။ အချင်းအာဏာပိုင်တို့သတိမူကြလော့။ ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို၊သီကူးရန်ငါသီချင်းဆို၍ စောင်းကိုတီးမည်။
Psalms 77:12ကိုယ်တော်ရှင်ပြုတော်မူခဲ့သမျှသောအမှုတို့ကို စဉ်းစားပါမည်။ ကိုယ်တော်ရှင်၏ကြီးမြတ်သည့်အမှုတော်တို့ကို ဆင်ခြင်ပါမည်။
Psalms 78:4ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သော အမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
Psalms 98:1ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊ ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။
Psalms 119:27ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုနားလည် နိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အံ့သြဖွယ်ကောင်းသည့်သွန်သင်ခက် တို့ကို ဆင်ခြင်ပါမည်။