Psalms 77:12
ကိုယ်တော်ရှင်ပြုတော်မူခဲ့သမျှသောအမှုတို့ကို စဉ်းစားပါမည်။ ကိုယ်တော်ရှင်၏ကြီးမြတ်သည့်အမှုတော်တို့ကို ဆင်ခြင်ပါမည်။
Common Language Bible
In The King James Version
I will meditate also of all thy work, and talk of thy doings.
In Context
Cross References
Deuteronomy 7:18သူတို့ကိုမကြောက်နှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည် ဘုရင်နှင့်ပြည်သူပြည်သားအပေါင်းတို့ အား မည်ကဲ့သို့စီရင်တော်မူခဲ့ကြောင်း ကိုသတိရကြလော့။-
Psalms 71:24ကျွန်တော်မျိုးအားအကျိုးယုတ်စေရန် ရှာကြံသူတို့သည်အရေးရှုံးနိမ့်၍အသရေပျက် ရကြပြီဖြစ်သောကြောင့် ကိုယ်တော်ရှင်ဖြောင့်မတ်တော်မူခြင်း တရားအကြောင်းကိုတစ်နေ့လုံးပြောကြား ပါမည်။
Psalms 105:2သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
Psalms 119:52အတိတ်ကာလကကိုယ်တော်ရှင်ပေးတော်မူ ခဲ့သော စီရင်ဆုံးဖြတ်ခက်မားကိုသတိရပါ၏။ အို ထာဝရဘုရား" ယင်းတို့သည်ကွန်တော်မျိုးအားစိတ်သက်သာစေပါ၏။
Psalms 145:4ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကို လူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
Isaiah 63:11ထိုအခါသူတို့သည်အတိတ်ကာလ၊ ထာဝရ ဘုရား၏အစေခံမောရှေ၏ခေတ်ကိုအောက်မေ့ သတိရကြလျက်``မိမိလူမျိုးတော်၏ခေါင်း ဆောင်များကိုပင်လယ်မှကယ်တော်မူသော ထာဝရဘုရားသည်အဘယ်မှာနည်း။ မောရှေ အားထူးကဲသည့်တန်ခိုးကို ပေးတော်မူသော ထာဝရဘုရားကားအဘယ်မှာနည်း။-