Psalms 105:23
ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။
Common Language Bible
In The King James Version
Israel also came into Egypt; and Jacob sojourned in the land of Ham.
In Context
Cross References
Genesis 45:9ယခုသင်တို့သည်ဖခင်ထံသို့အလျင်အမြန် သွား၍ ဖခင်အား`ဘုရားသခင်သည်သား ယောသပ်အား အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးရသောမင်းအရာ၌ခန့်ထားတော် မူပြီ။ သားထံသို့အမြန်လာပါလော့။-
Genesis 46:6သူတို့သည်ခါနာန်ပြည်တွင်စုဆောင်းရရှိခဲ့ သောပစ္စည်းများနှင့် သိုးဆိတ်စသောတိရစ္ဆာန် များကိုယူဆောင်လျက်အီဂျစ်ပြည်သို့လာ ခဲ့ကြ၏။ ယာကုပ်သည်သားသမီး၊ မြေး၊ မြစ် များမှစသောသူ၏မိသားစုအားလုံးတို့ ကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့လေ၏။
Genesis 47:6အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။
Joshua 24:4ဣဇာက်၌သားများဖြစ်ကြသောယာကုပ်နှင့် ဧသောတို့ကိုထွန်းကားစေ၏။ ငါသည်ဧသော အားဧဒုံတောင်ကုန်းဒေသကိုအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကားအီဂျစ်ပြည် သို့သွားရောက်နေထိုင်ခဲ့ကြသည်။-
Psalms 105:27သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။
Acts 7:11အီဂျစ်ပြည်နှင့်ခါနန်ပြည်တို့တွင် အစာငတ် မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်သဖြင့် အတိဒုက္ခရောက်ကြကုန်၏။ ငါတို့၏ဘိုး ဘေးတို့မှာအစာရေစာမရှိကြတော့ ချေ။-