Psalms 105:26
ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
Common Language Bible
In The King James Version
He sent Moses his servant; and Aaron whom he had chosen.
In Context
Cross References
Exodus 4:12သင်ယခုသွားလော့။ သင့်အားနှုတ်သတ္တိကို ငါပေးမည်။ သင်မည်ကဲ့သို့ပြောရမည်ကို ငါသွန်သင်မည်'' ဟုမိန့်တော်မူ၏။
Exodus 4:29ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဣသရေလ အမျိုးသားတို့ထံသို့သွား၍ခေါင်းဆောင်များ ကိုစုရုံးစေ၏။-
Exodus 6:26ထာဝရဘုရားက``ဣသရေလအမျိုးသား တို့အား အီဂျစ်ပြည်မှထုတ်ဆောင်လော့'' ဟု စေခိုင်းတော်မူခြင်းခံရသူတို့သည်ကား အာရုန်နှင့်မောရှေတို့ဖြစ်သတည်း။-
Exodus 7:1ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။-
Exodus 28:1``သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများဖြစ် သောနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ အထဲကရွေးထုတ်လော့။-
Exodus 28:29``အာရုန်သည်သန့်ရှင်းရာဌာနသို့ဝင်သော အခါ ရင်ဖုံးကိုဝတ်ဆင်ရမည်။ ရင်ဖုံးပေါ် တွင်ဣသရေလအမျိုးများ၏နာမည်များ ပါရှိသဖြင့်၊ ငါထာဝရဘုရားသည်ငါ ၏လူမျိုးတော်ကိုအစဉ်သတိရလိမ့်မည်။-