Psalms 105:40
သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။
Common Language Bible
In The King James Version
The people asked, and he brought quails, and satisfied them with the bread of heaven.
In Context
Cross References
Exodus 16:14နှင်းကွဲသောအခါတောကန္တာရ၏မြေပေါ် တွင် ပါးလွှာသောအချပ်ကလေးများကျန် ရစ်ခဲ့၏။ ထိုအချပ်ကလေးများသည်ဆီး နှင်းပေါက်ကဲ့သို့နူးညံ့၏။-
Numbers 11:31ထာဝရဘုရားသည်ပင်လယ်ဘက်မှလေကို တိုက်စေသဖြင့် လေနှင့်အတူငုံးငှက်များပါ လာ၏။ ထိုငုံးငှက်များသည်မြေပြင်အထက် သုံးပေအမြင့်မှပျံသန်းလာ၍ စခန်းအတွင်း နှင့်စခန်းအပြင်မိုင်များစွာပတ်လည်နေရာ အနှံ့အပြားတွင်နားကြလေသည်။-
Joshua 5:12ထိုနေ့မှစ၍မန္နမုန့်ကောင်းကင်မှမကျသဖြင့် ဣသရေလအမျိုးသားတို့သည်မန္နမုန့်ကို မစားရတော့ချေ။ ထိုအချိန်မှစ၍သူတို့ သည်ခါနာန်ပြည်ထွက်အသီးအနှံများကို စားရကြသည်။
Psalms 78:18သူတို့သည်စားလိုသည့်အစားအစာကို တောင်းဆိုခြင်းအားဖြင့်တမင်သက်သက် ဘုရားသခင်အားသွေးစမ်းကြ၏။
Psalms 78:24ကိုယ်တော်သည်သူတို့စားရန်မန္နမုန့်မိုးရွာစေ တော်မူ၏။ သူတို့စားသုံးရန်ကောင်းကင်မှဆန်စပါးကို ချပေးတော်မူ၏။
John 6:31ကျမ်းစာတော်တွင် `ကိုယ်တော်သည်ထိုသူတို့စား ရန်ကောင်းကင်မှမုန့်ကိုချပေးတော်မူ၏' ဟု ပါရှိသည်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေး များသည်တောကန္တာရတွင်မန္နမုန့်ကိုစားကြ ရပါ၏'' ဟုလျှောက်ကြ၏။