Psalms 78:24
ကိုယ်တော်သည်သူတို့စားရန်မန္နမုန့်မိုးရွာစေ တော်မူ၏။ သူတို့စားသုံးရန်ကောင်းကင်မှဆန်စပါးကို ချပေးတော်မူ၏။
Common Language Bible
In The King James Version
And had rained down manna upon them to eat, and had given them of the corn of heaven.
In Context
Cross References
Exodus 16:4ထိုအခါထာဝရဘုရားက မောရှေ အား``ငါသည်သင်တို့အားလုံးအတွက်မိုး ကောင်းကင်မှမုန့်ကိုချပေးမည်။ သူတို့သည် နေ့စဉ်ထွက်၍တစ်နေ့စာအတွက်မုန့်ကိုစု သိမ်းရကြမည်။ ဤနည်းအားဖြင့်သူတို့ သည် ငါ၏မိန့်မှာချက်အတိုင်းလိုက်နာ သည်၊ မလိုက်နာသည်ကိုငါသိရမည်။-
Deuteronomy 8:3ကိုယ်တော်သည်သင်တို့ကိုအစာငတ်စေတော် မူ၏။ ထို့နောက်သင်တို့နှင့်သင်တို့၏ဘိုးဘေး များမစားဘူးသောမန္နမုန့်ကိုကျွေးတော်မူ သည်။ ဤနည်းအားဖြင့်လူသည်အစားအစာ ကိုသာမှီဝဲ၍ အသက်ရှင်ရသည်မဟုတ်။ ထာဝရ ဘုရားမိန့်တော်မူသမျှကိုမှီဝဲ၍ အသက်ရှင် ရမည်ဖြစ်ကြောင်းသင်တို့အားသွန်သင်တော် မူ၏။-
Nehemiah 9:15``သူတို့ဆာလောင်မွတ်သိပ်ကြသောအခါ မိုးကောင်းကင်မှအစားအစာကိုချပေး တော်မူ၍ ရေငတ်ကြသောအခါကျောက်ဆောင်ထဲမှ ထွက်သောရေကိုပေးတော်မူပါ၏။ ကိုယ်တော်ပေးတော်မူမည်ဟု ကတိထားသောပြည်ကိုသိမ်းပိုက်ရန် သူတို့အား မိန့်တော်မူပါ၏။
Psalms 68:9ကိုယ်တော်ရှင်သည်မိုးကိုသည်းထန်စွာရွာစေ သဖြင့် ပင်ပန်းနွမ်းနယ်လျက်နေသည့်ပြည်တော်ကို ပြန်လည်၍လန်းဆန်းစေတော်မူပါ၏။
John 6:31ကျမ်းစာတော်တွင် `ကိုယ်တော်သည်ထိုသူတို့စား ရန်ကောင်းကင်မှမုန့်ကိုချပေးတော်မူ၏' ဟု ပါရှိသည်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေး များသည်တောကန္တာရတွင်မန္နမုန့်ကိုစားကြ ရပါ၏'' ဟုလျှောက်ကြ၏။