The Bible Software
bible.software › Psalms › Psalms 105 › Psalms 105:9

Psalms 105:9

အာ​ဗြ​ဟံ​နှင့်​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​နှင့် ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော်​ကို တည်​စေ​တော်​မူ​လိမ့်​မည်။

Common Language Bible

In The King James Version

Which covenant he made with Abraham, and his oath unto Isaac;

In Context

8ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။ က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။

10``သင့်​အား​ခါ​နာန်​ပြည်​ကို​ငါ​ပေး​မည်။ သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ဤ​ပ​ဋိ​ညာဉ်​သည်​ထာ​ဝ​စဉ်​တည်​လိမ့်​မည်။

Read all of Psalms 105

Cross References

Genesis 12:7ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ဤ​တိုင်း​ပြည်​ကို​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ အာ​ဗြံ​သည်​သူ့​အား​ကိုယ်​ထင်​ပြ​သော​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။-

Genesis 22:16``ငါ​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​မိန့်​ကြား​နေ​သည်။ ငါ​သည်​သင့်​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး မည်။ သင်​၏​တစ်​ယောက်​တည်း​သော​သား​ကို​ငါ တောင်း​သည့်​အ​တိုင်း​ငြင်း​ဆန်​ခြင်း​မ​ပြု​ဘဲ ပူ​ဇော်​သည့်​အ​မှု​ကြောင့်၊-

Genesis 28:13ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။-

Exodus 2:24ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ညည်း ညူ​သံ​ကို​ကြား​တော်​မူ​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို သတိ​ရ​လျက်၊-

Nehemiah 9:8ကိုယ်​တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ကြောင်း တွေ့​မြင်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ပါ​၏။ သူ​၏​သား​မြေး​များ​နေ​ထိုင်​ရန်​အ​တွက်​သူ့​အား ခါ​နာန်​ပြည်၊​ဟိတ္ထိ​ပြည်၊အာ​မော​ရိ​ပြည်၊ ဖေ​ရ​ဇိ​ပြည်၊ယေ​ဗု​သိ​ပြည်​နှင့်​ဂိ​ရ​ဂါ​ရှိ ပြည်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ပါ​၏။ သစ္စာ​တော်​ရှင်​ဖြစ်​သည်​နှင့်​အ​ညီ​ကိုယ်​တော်​သည် က​တိ​တော်​တို့​ကို​တည်​စေ​တော်​မူ​ပါ​၏။

Acts 7:8ထို့​အ​ပြင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​ပြု​တော် မူ​ခဲ့​သော​ပ​ဋိ​ညာဉ်​တော်​၏​အ​မှတ်​လက္ခ​ဏာ တစ်​ရပ်​အ​နေ​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​အာ​ဗြ​ဟံ​အား​အပ်​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​သား​ဣ​ဇာက်​ကို​ရ​ပြီး​နောက် ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ကို​ပေး​လေ​၏။ ထို​နည်း​တူ​ဣ​ဇာက် သည်​သား​ယာ​ကုပ်​ကို​လည်း​ကောင်း၊ ယာ​ကုပ် သည်​သား​တစ်​ဆယ့်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​၏။ ယာ​ကုပ် ၏​သား​များ​ကား​လူ​မျိုး​၏​အ​ဖ​တစ်​ဆယ့် နှစ်​ပါး​တည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 105:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 105:8Psalms 105Psalms 105:10 →