Psalms 106:7
ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။ သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
Common Language Bible
In The King James Version
In Context
6ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူ အပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။
Cross References
Exodus 14:12အကျွန်ုပ်တို့သည်ထွက်မလာမီက ဤကဲ့ သို့ဖြစ်မည်ဟုပြောခဲ့သည်မဟုတ်ပါလော။ အကျွန်ုပ်တို့က`အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံမြဲကျွန်ခံနေပါရစေ' ဟုပြောပါ သည်။ ဤတောကန္တာရထဲ၌သေရသည်ထက် ကျွန်ခံနေရခြင်းကသာ၍ကောင်းပါသည်'' ဟုပြောလေ၏။
Deuteronomy 29:4သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-
Psalms 5:7ကျွန်တော်မျိုးအဖို့မှာမူကိုယ်တော်၏ကြီး မားသော မေတ္တာတော်ကိုခံစားရသဖြင့် အိမ်တော်သို့ဝင်နိုင်ပါ၏။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော်အားရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုးနိုင်ပါ၏။
Psalms 78:11သူတို့သည်ကိုယ်တော်ပြုတော်မူသော အမှုအရာများကိုလည်းကောင်း၊ ကိုယ်တော်ပြုတော်မူသောထူးဆန်းသည့် နိမိတ်လက္ခဏာများကိုလည်းကောင်းမေ့လျော့ ကြလေကုန်ပြီ။
Psalms 105:5ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
Proverbs 1:22အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။