Psalms 107:13
သူတို့သည်ဒုက္ခရောက်ကြသဖြင့်ထာဝရ ဘုရားထံ အော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
Common Language Bible
In The King James Version
Then they cried unto the LORD in their trouble, and he saved them out of their distresses.
In Context
Cross References
Exodus 3:7ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
Judges 6:6ဣသရေလအမျိုးသားတို့သည်သူတို့ကို ခုခံနိုင်စွမ်းမရှိချေ။
2 Chronicles 33:12မင်းကြီးသည်ဆင်းရဲဒုက္ခရောက်သောအခါ မာန်မာနကျိုး၍ မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ပြန်လာပြီးလျှင်ကူမ တော်မူရန်အသနားခံတော်မူ၏။-
2 Chronicles 33:18မနာရှေဆောင်ရွက်ခဲ့သောအခြားအမှု အရာရှိသမျှကိုလည်းကောင်း၊ ဘုရားသခင် ထံတော်သို့တင်လျှောက်သည့်ဆုတောင်းပတ္ထ နာနှင့် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အားဖြင့် ပရောဖက်တို့သူ့အားပြန်ကြားသောဗျာ ဒိတ်စကားများကိုလည်းကောင်းဣသရေလ ရာဇဝင်တွင်ရေးထား၏။-
Psalms 106:44သို့ရာတွင်သူတို့ဟစ်အော်ကြသောအခါ ထာဝရဘုရားကြားတော်မူ၍သူတို့၏ ဆင်းရဲဒုက္ခကြောင့်သူတို့ကိုသနားတော်မူ၏။
Psalms 107:19ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။