Psalms 108:11
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ ကျွန်တော်မျိုး၏တပ်များနှင့်အတူချီတက် တော်မမူတော့ပြီလော။
Common Language Bible
In The King James Version
Wilt not thou, O God, who hast cast us off? and wilt not thou, O God, go forth with our hosts?
In Context
Cross References
Deuteronomy 20:3`ဣသရေလအမျိုးသားတို့နားထောင်လော့။ ယနေ့သင်တို့သည်စစ်ပွဲထဲသို့ဝင်ရအံ့။ စိတ် ပျက်ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြနှင့်။-
1 Samuel 17:36အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။-
2 Chronicles 13:12ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
2 Chronicles 20:15ယဟာဇေလက``အရှင်မင်းကြီးနှင့်တကွ ယုဒပြည်သူများ၊ ယေရုရှလင်မြို့သား အပေါင်းတို့၊ သင်တို့သည်စိတ်မပျက်အား မလျော့ကြနှင့်။ ဤကြီးမားသည့်တပ်မတော် ကိုရင်ဆိုင်ရန်မကြောက်ကြနှင့်ဟုထာဝရ ဘုရားမိန့်တော်မူပါ၏။ တိုက်ပွဲသည်သင် တို့၏အပေါ်တွင်မတည်။ ဘုရားသခင် ၏အပေါ်တွင်တည်ပေသည်။-