Psalms 108:8
ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကို လည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည်ငါ၏သံခမောက်ဖြစ်၍ ယုဒပြည်သည်ငါ၏ရာဇလှံတံဖြစ်၏။
Common Language Bible
In The King James Version
Gilead is mine; Manasseh is mine; Ephraim also is the strength of mine head; Judah is my lawgiver;
In Context
Cross References
Genesis 49:10ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
Joshua 13:8ရုဗင်၊ ဂဒ်နှင့်အခြားမနာရှေအနွယ်ဝင် တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုထာဝရဘုရား၏အစေခံ မောရှေသတ်မှတ်ခွဲဝေပေးသည့်အတိုင်း ရရှိကြပြီးဖြစ်သည်။ ထိုဒေသသည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဖြစ်၏။-
2 Samuel 2:8ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-
Psalms 122:5ဤမြို့သည်ဣသရေလဘုရင်တို့နန်းစိုက်၍ ပြည်သူတို့အားတရားစီရင်ရာဌာနဖြစ်၏။