Psalms 119:161
တန်ခိုးအာဏာရှိသူတို့သည်ကွန်တော်မျိုးအား မတရားနှိပ်စက်ညှဉ်းဆဲကြပါ၏။ သို့ရာတွင်ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ တရားတော်ကိုရိုသေလေးစားပါ၏။
Common Language Bible
In The King James Version
Princes have persecuted me without a cause: but my heart standeth in awe of thy word.
In Context
Cross References
Genesis 39:9ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။-
1 Samuel 21:15ငါ့ထံတွင်ရူးသွပ်သူနည်းပါးနေသောကြောင့် လော။ ငါ၏နန်းတော်ထဲမှာငါ့အားအနှောင့် အယှက်ပေးရန် အဘယ်ကြောင့်အရူးကိုသွင်း ကြသနည်း'' ဟုမိန့်တော်မူ၏။
1 Samuel 26:18အရှင်သည်အဘယ်ကြောင့်မိမိ၏အစေခံဖြစ် သူအကျွန်ုပ်အား လိုက်လံဖမ်းဆီးလျက်ပင်ရှိ နေပါသေးသနည်း။ အကျွန်ုပ်သည်အဘယ် ရာဇဝတ်မှုကိုကူးလွန်မိပါသနည်း။-
Nehemiah 5:15ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
Psalms 4:4သင်တို့သည်ကြောက်လန့်လျက်အပြစ်ဒုစရိုက်ကို ရှောင်ကြလော့။ သင်တို့သည်အိပ်ရာပေါ်တွင်တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ ဤအချက်ကိုနက်နက်နဲနဲစဉ်းစားဆင်ခြင် ကြလော့။
Psalms 119:157ကွန်တော်မျိုးအားရန်ဘက်ပြုသူနှင့်ဖိနှိပ်ညှဉ်းဆဲသူ အမားပင်ရှိပါ၏။ သို့ရာတွင်ကွန်တော်မျိုးသည်ပညတ်တော်တို့ကို လိုက်နာရန်မပက်ကွက်ပါ။