Psalms 119:26
ကွန်တော်မျိုးသည်မိမိပြုမိသမှသော အပြစ်တို့ကိုဖော်ပြဝန်ခံသည်ဖြစ်၍ ကိုယ်တော်ရှင်သည်ကွန်တော်မျိုး၏ပန်ကြား ခက်ကို နားညောင်းတော်မူပါ၏။ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့ကိုသွန်သင်တော်မူပါ။
Common Language Bible
In The King James Version
I have declared my ways, and thou heardest me: teach me thy statutes.
In Context
Cross References
1 Kings 8:36ကောင်းကင်ဘုံကနေ၍နားထောင်တော်မူပါ။ သူတို့လိုက်ရသောလမ်းမှန်ကိုညွှန်ပြတော် မူပါ။ ထို့နောက်၊ အို ထာဝရဘုရား၊ ကိုယ်တော် ၏လူမျိုးတော်အားအပိုင်ပေးသနားတော်မူ သည့်ပြည်တော်တွင်မိုးရွာစေတော်မူပါ။''
2 Kings 20:3``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
Psalms 25:4အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏နည်းလမ်းတော်တို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ယင်းတို့ကိုကျွန်တော်မျိုးအားသိရှိနားလည် စေတော်မူပါ။
Psalms 27:11အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုစေလိုသောအမှုအရာတို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးမှာရန်သူများလှပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာ လမ်း၌ ပို့ဆောင်တော်မူပါ။
Psalms 38:18ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို ဖော်ပြဝန်ခံပါ၏။ ယင်းအပြစ်များကြောင့်စိုးရိမ်ပူပန်ပါ၏။
Psalms 86:11အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပြုစေ တော်မူ လိုသည့်အတိုင်းညွှန်ကြားတော်မူပါ။ ကျွန်တော်မျိုးသည်သစ္စာနှင့်လိုက်နာဆောင် ရွက်ပါမည်။ ကိုယ်တော်ရှင်အမှုတော်ကိုမမှိတ်မသုန် ဆောင်ရွက်နိုင်ရန်သွန်သင်တော်မူပါ။