Psalms 119:90
သစ္စာတော်သည်ကာလအစဉ်အဆက်တည်ပါ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင်နေရာခထား တော်မူသည့်အတိုင်းတည်လက်ရှိပါ၏။
Common Language Bible
In The King James Version
Thy faithfulness is unto all generations: thou hast established the earth, and it abideth.
In Context
89အို ထာဝရဘုရား" နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌ ထာဝစဉ်တည်ရှိပါ၏။
Cross References
Job 38:4မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။
Psalms 89:1အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုအစဉ်သီချင်းဆို ပါမည်။ အခါခပ်သိမ်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာပါမည်။
Psalms 93:1ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
Psalms 104:5ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကို အဘယ်အခါ၌မျှမလှုပ်ရှားနိုင်စိမ့် သောငှာ အုတ်မြစ်ချ၍တည်တော်မူပါပြီ။
Ecclesiastes 1:4လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။
2 Peter 3:5ဘုရားသခင်သည်ရှေးကာလ၌မိုးကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုအမိန့်တော်ဖြင့် ဖန်ဆင်းတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ် တော်သည်ကမ္ဘာမြေကြီးကိုရေထဲမှရေ အားဖြင့်ပေါ်ပေါက်စေတော်မူကြောင်းကို လည်းကောင်း၊-