Psalms 13:2
ကျွန်တော်မျိုးသည်အဘယ်ကာလတိုင်အောင် ဒုက္ခခံရပါမည်နည်း။ အဘယ်ကာလတိုင်အောင်နေ့ရောညပါ ဝမ်းနည်းကြေကွဲလျက်နေရပါမည်နည်း။ ကျွန်တော်မျိုး၏ရန်သူများသည် အဘယ်ကာလတိုင်အောင်ကျွန်တော်မျိုးအပေါ်တွင် အနိုင်ရကြပါမည်နည်း။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 18:29ရှောလုသည်ဒါဝိဒ်ကိုပို၍ပင်ကြောက်ရွံ့လာ လျက် အသက်ထက်ဆုံးရန်ငြိုးဖွဲ့တော်မူ၏။
Nehemiah 2:2ငါ့အား``သင်သည်အဘယ်ကြောင့်ဤမျှ မျက်နှာညှိုးငယ်ပါသနည်း။ သင့်မှာဖျား နာမှုလည်းမရှိသဖြင့် သင်သည်စိတ် မချမ်းမသာဖြစ်၍မျက်နှာညှိုးငယ် ခြင်းဖြစ်ရမည်'' ဟုဆို၏။ ဤသို့မင်းကြီးဆိုသောအခါငါသည် ထိတ်လန့်ပြီးလျှင်၊-
Job 7:12ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော။
Job 9:27ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊
Job 23:8ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊
Psalms 7:2ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့ ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။