The Bible Software
Psalms · Common Language Bible

Psalms 13

1အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​မေ့​လျော့​၍ နေ​တော်​မူ​ပါ​မည်​နည်း။ ထာ​ဝ​စဉ်​မေ့​လျော့​၍​နေ​တော်​မူ​မည်​လော။ အ​ဘယ်​ကာ​လ​တိုင်​အောင်​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​မည်​နည်း။

2ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ဒုက္ခ​ခံ​ရ​ပါ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​နေ့​ရော​ည​ပါ ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ရ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် အ​ဘယ်​ကာ​လ​တိုင်​အောင်​ကျွန်​တော်​မျိုး​အ​ပေါ်​တွင် အ​နိုင်​ရ​ကြ​ပါ​မည်​နည်း။

3ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ကြည့်​တော်​မူ​၍ ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ပြန်​လည်​၍​ခွန်​အား​ဖြင့် ပြည့်​ဝ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​သေ​စေ​တော်​မ​မူ​ပါ​နှင့်။

4ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် ``ငါ​တို့​သူ့​ကို​အ​နိုင်​ရ​ပြီ'' ဟူ​၍ ပြော​ဆို​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ပြို​လဲ​မှု​ကြောင့် ဝမ်း​မြောက်​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

5ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​အား​ကိုး​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။

6အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

← Psalms 12Read In The App, Free →Psalms 14 →

Study Psalms 13

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150