The Bible Software
bible.software › Psalms › Psalms 130 › Psalms 130:3

Psalms 130:3

အ​ကယ်​၍​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ရေး​မှတ်​ထား​မည်​ဆို​ပါ​က အ​ဘယ်​သူ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​နိုင်​ပါ​မည်​နည်း။

Common Language Bible

In The King James Version

If thou, LORD, shouldest mark iniquities, O Lord, who shall stand?

In Context

2အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​တောင်း​လျှောက် သံ​ကို နား​ထောင်​တော်​မူ​ပါ။

4သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​အား ရို​သေ​ကျိုး​နွံ​ကြ​ပါ​၏။

Read all of Psalms 130

Cross References

Ezra 9:15အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဖြောင့်​မတ်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ပါ​၏။ ဤ​အ​ပြစ်​ကြောင့်​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက် နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ'' ဟု​တောင်း လျှောက်​လေ​၏။

Job 9:20ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။

Job 15:14လူသည်အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။

Psalms 143:2ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​နှင့် တ​ရား​ဆိုင်​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်​တွင်​အ​ပြစ်​ကင်း​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။

Nahum 1:6ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။

John 8:7ထို​သူ​တို့​သည်​ထပ်​ကာ​ထပ်​ကာ​မေး​မြန်း လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည် မော်​၍​ကြည့်​တော်​မူ​လျက် ``သင်​တို့​အ​နက် အ​ပြစ်​ကင်း​သူ​သည် ဦး​စွာ​ပ​ထ​မ​သူ့​ကို ကျောက်​ခဲ​နှင့်​ပေါက်​ပါ​စေ'' ဟု​မိန့်​တော်​မူ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 130:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 130:2Psalms 130Psalms 130:4 →