The Bible Software
bible.software › Psalms › Psalms 132 › Psalms 132:16

Psalms 132:16

ဤ​မြို့​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​ဆောင်​ရွက်​လေ​သ​မျှ တို့​ကို ကောင်း​ချီး​ပေး​မည်။ မြို့​သူ​မြို့​သား​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လိမ့်​မည်။

Common Language Bible

In The King James Version

I will also clothe her priests with salvation: and her saints shall shout aloud for joy.

In Context

15ငါ​သည်​ဇိ​အုန်​မြို့​ကို​လို​လေ​သေး​မ​ရှိ​အောင် အ​စာ​ရေ​စာ​ပေါ​များ​သော​မြို့​ဖြစ်​စေ​မည်။ ဤ​မြို့​မှ​ဆင်း​ရဲ​သူ​တို့​အား​ဝ​အောင်​ကျွေး​မွေး မည်။

17ငါ​သည်​ဤ​မြို့​တွင်​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​ကို ကြီး​မြတ်​သည့်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ ဤ​မြို့​တွင်​ငါ​ရွေး​ချယ်​သည့်​ဘု​ရင်​၏​အာ​ဏာ စက်​ကို တည်​စေ​မည်။

Read all of Psalms 132

Cross References

Psalms 132:9ကိုယ်​တော်​ရှင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မှန်​ကန်​ရာ​ကို အ​မြဲ​ပြု​ကျင့်​နိုင်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ဝမ်း​မြောက် ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​ပါ​စေ​သော။

Isaiah 61:10ယေ​ရု​ရှ​လင်​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ရ​လိမ့်​မည်။ သူ​သည်​မ​င်္ဂ​လာ​ဆောင်​ပွဲ​အ​တွက်​ဝတ်​စား တန်​ဆာ​ဆင်​ထား​သည့်​သ​တို့​သ​မီး​နှင့်​တူ​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ကယ်​တင်​ခြင်း​နှင့် အောင်​မြင်​ခြင်း တို့​ဖြင့်​တန်​ဆာ​ဆင်​ပေး​တော်​မူ​ပါ​၏။

Zechariah 9:9ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။

John 16:24ယ​ခု​အ​ချိန်​တိုင်​အောင်​သင်​တို့​သည်​ငါ​၏ နာ​မ​ကို​အ​မှီ​ပြု​၍​အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း​မ​လျှောက်​ကြ​ရ​သေး။ ဝမ်း​မြောက်​ခြင်း အ​ပြည့်​အ​ဝ​ရ​ရှိ​နိုင်​ရန်​တောင်း​လျှောက်​ကြ လော့။ သင်​တို့​တောင်း​လျှောက်​သည့်​အ​တိုင်း​ရ​ရှိ ကြ​လိမ့်​မည်။''

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 132:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 132:15Psalms 132Psalms 132:17 →